Health: အဆီများတဲ့ အစားအစာတွေကို စားခြင်းက အစာအိမ်လမ်းကြောင်းမှာ အကျိတ်တွေ ဖြစ်နိုင်ခြေရှိ

အကျိတ်တွေဖွဲ့စည်းမှုနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့တယ်။

play

 

အဆီများတဲ့ အစားအစာတွေကိုစားခြင်းဟာ အစာအိမ်လမ်းကြောင်းမှာ အကျိတ်တွေဖြစ်ကာ အစာအိမ်အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ကင်ဆာဖြစ်နိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

play

 

အဝလွန်နေသူ မဟုတ်ရင်တောင်မှ အဆီပါဝင်မှုမြင့်မားတဲ့ အစားအစာတွေဟာ အစာအိမ်လမ်းကြောင်းမှာ ရောင်ရမ်းမှုတွေ ဖြစ်လာရာက အစာအိမ်အူလမ်းကြောင်းနဲ့ဆိုင်တဲ့ကင်ဆာ ဖြစ်ပွားလာနိုင်တယ်လို့ သိရပါတယ်။ သုတေသနကို Pennsylvania တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး  Molecular ကင်ဆာသုတေသနဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

play

 

အဆီမြင့်မားတဲ့ အစားအသောက်မှာပါဝင်တဲ့ အမျိုးအစားအချို့ဟာ အကျိတ်တွေဖွဲ့စည်းမှုနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့တယ်လို့ အဆိုပါ သုတေသနကို ပြုလုပ်ခဲ့တဲ့ ဂျွန်လမ်းဘရစ်က ပြောကြားထားပါတယ်။ သုတေသနကို ကြွက်တွေကို အခြေခံပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါတွေ့ရှိချက်ကြောင့်  အဆီများတဲ့ စားသောက်ပုံဟာ အဝလွန်ခြင်းနဲ့မဆိုင်ဘဲ အစာအိမ်ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ အရေးပါတဲ့ ကောက်ချက်ကို ရရှိစေတယ်လို့လည်း ဂျွန်လမ်းဘရစ်က ပြောကြားထားပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ