Health: လေထုညစ်ညမ်းမှုကနေ သင့်အိမ်ကို ဘယ်လိုကာကွယ်မလဲ

ထင်းနဲ့ မီးသွေးတွေကို အိမ်တွင်းမှာ မသုံးပါနဲ့။

play

 

ကမ္ဘာကြီးရဲ့ လူဦးရေ ၉၂ ရာခိုင်နှုန်းဟာ လေကောင်းလေသန့်မရတဲ့ နေရာတွေမှာ နေထိုင်နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကြေညာထားပါတယ်။ လူပေါင်း ၇ သန်းလောက်ဟာ လေထုညစ်ညမ်းမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးနေရပါတယ်။ လေထုညစ်ညမ်းမှုဟာ သင်ဂရုစိုက်သင့်တဲ့ ပြဿနာဖြစ်ပြီး သင့်အိမ်ကို လေထုညစ်ညမ်းမှုကနေ ကာကွယ်ထားသင့်ပါတယ်။

play

 

၁ - လေထုညစ်ညမ်းစေမယ့် စွမ်းအင်အသုံးပြုမှုကို လျှော့ချပါ။

၂ - လေထုညစ်ညမ်းမှုမြင့်မားတဲ့နေရာမှာ နေတယ်ဆိုရင် အိမ်ရဲ့ ပြတင်းပေါက်တွေမှာ လေစစ်တဲ့ filters တွေ တပ်ပါ။

play

 

၃ - အိမ်တွင်းမှာ ဆေးလိပ်သောက်ခြင်းကို အလေ့အကျင့်မလုပ်ပါနဲ့။

၎ - ထင်းနဲ့ မီးသွေးတွေကို အိမ်တွင်းမှာ မသုံးပါနဲ့။

play

 

၅ - ကားရှုပ်တဲ့နေရာတွေနားမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

၆ - အသီးအရွက်များများစားပါ။  antioxidants  ကြွယ်ဝတာကြောင့် လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ သက်ရောက်မှုတွေကို လျော့ပါးစေပါတယ်။

play

 

၇ - လေထုညစ်ညမ်းတဲ့ နေရာမှာ မျက်နှာအကာတပ်ဖို့ မမေ့ပါနဲ့။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ