Health: ပန်းသီး တစ်နေ့တစ်လုံးစားခြင်းက ကင်ဆာ (၅) မျိုးထိ ကာကွယ်နိုင်

, updated

ပန်းသီးနှစ်သက်သူတွေကြားမှာ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းဟာ သာမန်လူတွေမှာထက် ၂၅ ရာခိုင်နှုန်း လျော့နည်းတာ ဖြစ်ပါတယ်။

 

ပန်းသီးစားခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတဲ့ သုတေသနပေါင်းများစွာရှိပြီး အီတလီနိုင်ငံက သုတေသနတစ်ခုကလည်း နေ့စဉ်ပန်းသီးတစ်လုံးစားခြင်းဟာ ကင်ဆာရောဂါ ၅ မျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

အီတလီနိုင်ငံ Perugia တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါသုတေသနအရ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာအိမ်လမ်းကြောင်းကင်ဆာနဲ့ ရင်သားကင်ဆာ ငါးမျိုးကို လုံးဝမစားခြင်းထက် တစ်နေ့တစ်လုံးစားခြင်းက ပိုမိုကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

 

အထူးသဖြင့် ပန်းသီးနှစ်သက်သူတွေကြားမှာ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းဟာ သာမန်လူတွေမှာထက် ၂၅ ရာခိုင်နှုန်း လျော့နည်းတာ ဖြစ်ပါတယ်။ လေ့လာမှုဟာ  ယခင်ကပြုလုပ်ထားတဲ့ အစားအသောက်နဲ့ ကင်ဆာဆက်စပ်မှုဆိုင်ရာ သုသေတနပေါင်း ၄၀ က အချက်အလက်တွေကို ပြန်လည်သုံးသပ်လေ့လာခဲ့တာ ဖြစ်ပြီး Public Health Nutrition ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ