Health: အိပ်တဲ့အခါ ဘယ်ဘက်ကို စောင်းအိပ်သင့်တဲ့ အကြောင်းရင်း

ဘယ်ဘက်ကိုစောင်းပြီးအိပ်တာ ကျန်းမာရေးအတွက် အကောင်းဆုံးပါ။

play

 

အိပ်စက်နေတုန်းမှာ ခန္ဓာကိုယ်နေဟန်ထား လွဲချော်မှုကြောင့် နိုးထလာတဲ့အခါ ဝေဒနာအချို့ကို ခံစားလေ့ရှိပါတယ်။ ဒီလိုမဖြစ်အောင် အိပ်စက်မှုပုံစံ မှန်ကန်ဖို့ လိုအပ်ပါတယ်။

play

 

အထူးသဖြင့် စတင်အိပ်စက်တဲ့အချိန်မှာ ဘယ်လိုကိုယ်နေဟန်ထားနဲ့ အိပ်စက်သင့်လဲဆိုတာ အရေးကြီးပါတယ်။ ဆေးပညာရှင်တွေအဆိုအရတော့ ဘယ်ဘက်ကို စောင်းအိပ်တဲ့ ကိုယ်နေဟန်ထားဟာ အကောင်းဆုံးပုံစံဖြစ်တယ်လို့ ဆိုပါတယ်။ မှောက်အိပ်တဲ့အခါ လည်ပင်နဲ့ နောက်ကျောအောက်ပိုင်း(ခါးတစ်ဝိုက်)အတွက် အန္တရာယ်ရှိပါတယ်။ ပက်လက်အိပ်တဲ့အခါ တင်ပါးနဲ့ ကျောအပေါ်ပိုင်းအတွက် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

play

 

ဘယ်ဘက်ကို စောင်းအိပ်တဲ့အခါမှာတော့ နှလုံးရဲ့အလုပ်လုပ်ပုံဟာ ပိုမိုကောင်းမွန်လာပြီး လည်ပတ်မှုကို အထောက်အကူပြုစေတဲ့ သွေးဖြူရည်ကြည်တွေ ထွက်လာစေတယ်လို့ ဆိုပါတယ်။ သွေးခဲမှုကိုလည်း တားဆီးပေးပါတယ်။ ဘယ်ဘက်စောင်းအိပ်ခြင်းဟာ အိပ်နေတုန်း အသက်ရှုခြင်းအတွက်လည်း အကောင်းဆုံးပုံစံဖြစ်ပါတယ်။

အိပ်ရင်းဟောက်တတ်သူတွေတောင် ဘယ်ဘက်စောင်းအိပ်ရင် အဆင်ပြေတယ်လို့ ဆိုပါတယ်။

Source : mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ