Health: လူ့သက်တမ်းအမြင့်ဆုံး ၁၂၅ နှစ်အထိ ရှိနိုင်ကြောင်း သုတေသီများဆို

လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုကတည်းက ပျမ်းမျှလူ့သက်တမ်း တိုးလာပါတယ်။

play

 

လူတွေအသက်ရှည်နိုင်စွမ်းအပေါ် နှစ်ပေါင်းများစွာ လေ့လာဆန်းစစ်ပြီးတဲ့နောက်မှာ လူ့သက်တမ်းကို သိပ္ပံနည်းလမ်းနဲ့ နှစ်ပေါင်းများစွာဆွဲဆန့်နိုင်ခြေရှိတယ်လို့ အမေရိကန်သုတေသီတွေက ပြောလိုက်ပါတယ်။

ပျမ်းမျှလူ့သက်တမ်းကလည်း ပြောင်းလဲလာနေပါတယ်။ ယနေ့ခေတ်မွေးဖွားတဲ့ ကလေးတွေဟာ အသက် ၇၉ နှစ်အထိ ရှင်သန်နိုင်တယ်လို့လည်း သုတေသီတွေက ဆိုပါတယ်။ ၁၉၀၀ ပြည့်နှစ်မှာ မွေးခဲ့သူတွေရဲ့ လူ့သက်တမ်းက ၄၇ နှစ်သာ ရှိပေမယ့် လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုကတည်းက ပျမ်းမျှလူ့သက်တမ်း တိုးလာတယ်လို့လည်း သိရပါတယ်။

play

 

ယနေ့မှာတော့ ကာကွယ်ဆေး၊ ကုသဆေးတွေလို ကျန်းမာစေတဲ့အရောတွေလည်း ပေါ်ပေါက်လာနေပြီဖြစ်လို့ အသက် ၁၂၂ နှစ် နဲ့ ကမ္ဘာ့စံချိန်တင်ထားသူလည်း ရှိလာပါတယ်။ အမေရိကန်သုတေသီတွေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လူတွေဟာ လက်ရှိမှာ အမြင့်ဆုံးအဖြစ် အသက် ၁၁၅ နှစ်မှ ၁၂၅ နှစ် ဝန်းကျင်ထိ အသက်ရှည်နိုင်တယ်လို့ ဖော်ပြပါရှိပါတယ်။

Source : Next Web

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ