Health: နား ကျန်းမာရေးအတွက် မလုပ်သင့်တဲ့ အရာ (၅) ခု

အကြားအာရုံ ထိခိုက်တယ်လို့ ခံစားရတာနဲ့ ဆရာဝန်ပြသင့်ပါတယ်။

play

 

၁ - သီချင်းသံ

earphones နဲ့ အသံကို တအားမြှင့်ပြီး နားထောင်တာဟာ အကြားအာရုံကို ဆုံးရှုံးသွားနိုင်တဲ့ထိ အန္တရာယ်ရှိပါတယ်။ ပတ်ဝန်းကျင်ကလည်း ဆူညံနေတဲ့အချိန်မှာ ကောင်းကောင်းမကြားရတာကြောင့် အသံကို မြှင့်ပြီး နားထောင်မိလေ့ရှိပါတယ်။ earphone နဲ့ အမြဲနားထောင်လေ့ရှိတယ်ဆိုရင် ဈေးများများပေးပြီး အမျိုးအစားကောင်းကောင်းကို ဝယ်ထားသင့်ပါတယ်။

၂ - လက်

play

 

နားထဲ လက်ထည့်တာမျိုးကလည်း မလုပ်သင့်ပါဘူး။ သင့်လက်သည်းမှာ ပါလာတဲ့ အညစ်အကြေးတွေကြောင့် နားထဲ ပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။

၃ - နားဖောက်ခြင်း

play

 

သူငယ်ချင်းတစ်ယောက်ကို ဖောက်ခိုင်းတာမျိုးကို ရှောင်ပါ။ ဆိုင်မှာပဲ ဖောက်တာက ပိုးဝင်မယ့် အန္တရာယ်နဲ့ ကင်းဝေးပါတယ်။ သူတို့က အရက်ပြန်တွေဘာတွေ သုံးပြီး ကိရိယာတွေကို ပိုးသတ်တာကြောင့် ဖြစ်ပါတယ်။

၎ - မာကြောတဲ့ ပစ္စည်းများ

play

 

နားဖာကလော်တံလို မာကြောတဲ့အရာတွေကိုလည်း နားထဲ မထည့်သင့်ပါဘူး။

၅ - ဆရာဝန်ပြသင့်

play

 

အကြားအာရုံ ထိခိုက်တယ်လို့ ခံစားရတာနဲ့ ဆရာဝန်ပြသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင့်အကြားအာရုံထိခိုက်မှုဟာ ပိုပိုဆိုးလာနိုင်ပါတယ်။

Photos & Source: Prevention

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ