Health: နှလုံးကျန်းမာရေးကို ဘယ်အရွယ်မှာ စပြီး ဂရုစိုက်သင့်လဲ

ငယ်ရွယ်စဉ် စိတ်ဖိစီးမှုများတာတွေဟာလည်း အရွယ်နှောင်းပိုင်းမှာ နှလုံးကျန်းမာရေးကို သက်ရောက်နိုင်တာ ဖြစ်ပါတယ်။

play

 

လူနေမှုပုံစံတွေပြောင်းလာတာနဲ့ အမျှ နှလုံးရောဂါဟာ အသက်ကြီးပိုင်းတွေမှာတင် မကဘဲ လူငယ်လူရွယ်ပိုင်းမှာပါ ဖြစ်ပေါ်လာပါတယ်။ ကျွမ်းကျင်ဆရာဝန်တွေကတော့ နှလုံးရောဂါနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတွေကို ကြီးကောင်ဝင်စ အရွယ်မှာတင် စတင်ပြုလုပ်သင့်တယ်လို့ အကြံပြုထားကြပါတယ်။

လူငယ်တွေမှာပါ နှလုံးရောဂါဖြစ်ပွားလာရခြင်းရဲ့ အကြောင်းအရင်းတွေမှာ ခေတ်သစ်နေထိုင်မှုပုံစံတွေဖြစ်တဲ့ အိပ်ရာဝင်နောက်ကျခြင်း၊ ကိုခန္ဓာလှုပ်ရှားမှုနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ စားသောက်မှုပုံစံတွေကြောင့်ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်လောက်ကစပြီး အဆိုပါ နေထိုင်မှုပုံစံတွေကို ထိန်းသိမ်းသင့်တာ ဖြစ်ပြီး ထိုကဲ့သို့ ထိန်းသိမ်းရာမှာ မိဘတွေက အရေးပါ ပါတယ်။ ငယ်ရွယ်စဉ် စိတ်ဖိစီးမှုများတာတွေဟာလည်း အရွယ်နှောင်းပိုင်းမှာ နှလုံးကျန်းမာရေးကို သက်ရောက်နိုင်တာ ဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ