Health: ဂနာမငြိမ်တာ ကောင်းတဲ့ အချက် (၃) ချက်

ဒီအတိုင်း ထိုင်နေခြင်းထက် ထိုင်နေတုန်းလှုပ်ရှားမှု ရှိတာဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ကယ်လိုရီ ၃၅၀ ကျော် လောင်ကျွမ်းစေပါတယ်။

 

၁ - သွေးလည်ပတ်မှု

Missouri တက္ကသိုလ်က သုတေသနအဖွဲ့တစ်ဖွဲ့ရဲ့ လေ့လာချက်အရ ထိုင်ခုံမှာ ထိုင်နေတဲ့အချိန်မှာ သွေးလည်ပတ်မှုကောင်းစေဖို့ ဂနာမငြိမ်တဲ့လှုပ်ရှားမှုက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ သုတေသနဟာ ၃ နာရီကြာ ထိုင်မယ့် လူတွေကို လေးမိနစ်တိုင်း တစ်မိနစ်ကြာ ခြေထောက်တစ်ဖက်လှုပ်စေပြီး သုတေသန ပြုခဲ့တာ ဖြစ်ပါတယ်။

 

၂ -  ကယ်လိုရီ

ဂနာမငြိမ်ခြင်းဟာ ကယ်လိုရီကိုလည်း လောင်ကျွမ်းစေပါတယ်။ ဒီအတိုင်း ထိုင်နေခြင်းထက် ထိုင်နေတုန်းလှုပ်ရှားမှု ရှိတာဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ကယ်လိုရီ ၃၅၀ ကျော် လောင်ကျွမ်းစေပါတယ်။

 

၃ - သေဆုံးနိုင်မှု

ရေရှည်ထိုင်ပြီး နှစ်ပေါင်းများစွာ အလုပ်လုပ်ရင် အသေစောတယ်ဆိုတဲ့ သုတေသနတွေ ရှိပါတယ်။ ကြာမြင့်စွာ ထိုင်ခြင်းဟာ သွေးလည်ပတ်မှုကို ထိခိုက်စေပြီး နာတာရှည်ရောဂါတွေ ဖြစ်စေပါတယ်။ ဒါပေမဲ့ ထိုင်နေတုန်း လှုပ်ရှားမှုရှိတာကတော့ အဆိုပါသွေးလည်ပတ်မှု ထိခိုက်ခြင်းကို တိုက်ဖျက်နိုင်ပါတယ်။

Photos & Source: Prevention

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ