Health: အိပ်ရေးမဝတဲ့ ကလေးတွေက ပိုစားလေ့ရှိ

သကြားကို ၂၅ ရာခိုင်နှုန်း ပိုစားတယ်။

play

 

အိပ်ရေးမဝတဲ့ကလေးတွေဟာ ပိုစားလေ့ရှိတယ်လို့ သုတေသနတစ်ခုက တင်ပြပါတယ်။ အဆိုပါ သုတေသနအရ အိပ်ရေးပျက်တဲ့ သုံးနှစ်နဲ့ လေးနှစ် ကလေးတွေရဲ့စားသုံးမှုဟာ သမန်ထက်၂၀ ရာခိုင်နှုန်းလောက် ကယ်လိုရီကို ပိုစားသုံးပြီး သကြားကို ၂၅ ရာခိုင်နှုန်း ပိုစားတယ်လို့ သိရပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ကိုတော့ ၂၆ ရာခိုင်နှုန်းလောက် ပိုစားတာ ဖြစ်ပြီး သုတေသနကို အမေရိကန်နိုင်ငံ Colorado တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တွေ့ရှိမှုဟာ အိပ်ရေးပျက်ခြင်းနဲ့ ကလေးတွေရဲ့ အဝလွန်မှု ဆက်စပ်မှုရှိကြောင်း ထောက်ပြနိုင်တဲ့ သုတေသနဖြစ်လာနိုင်ပါတယ်။ သုတေသနဟာ ကျောင်းနေရွယ်မတိုင်မီကလေးတွေရဲ့ အိပ်ရေးပျက်ခြင်းနဲ့ အစားအသောက်စားသုံးမှုကို ဆက်စပ်လေ့လာတဲ့ ပထမဆုံးသုတေသနဖြစ်တယ်လို့ သုတေသနကို ဦးဆောင်လေ့လာခဲ့သူ အယ်ဆာမူလင်စ်က ပြောကြားထားပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ