Health: အရိုးတွေ ကျန်းမာစေဖို့ သင်လျှော့သင့်တဲ့ အလေ့အကျင့် (၄) ခု

ကော်ဖီသောက်တာကိုလည်း လျှော့သင့်ပါတယ်။

play

 

၁ - ဆားလျှော့စားပါ

ဆားအလွန်အကျွံစားခြင်းက ခန္ဓာကိုယ်တွင်း ကယ်ဆီယမ်ဓာတ် ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ရေရှည်မှာ အရိုးကို ထိခိုက်စေပါတယ်။

၂ - ဆိုဒါအချိုရည်

ဆိုဒါနဲ့ အခြားဂက်စ်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ အရိုးတွေတည်ဆောက်ကြီးမားလာတဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝမှာ အဆိုပါ အချိုရည်တွေ အလွန်အကျွံသောက်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဆိုဒါအလွန်အကျွံသောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း မဂ္ဂနီဆီယမ်ဓာတ်ကိုလည်း လျော့နည်းသွားစေပါတယ်။

play

 

၃ - ကော်ဖီ

ကယ်ဆီယမ်စုပ်ယူမှုနည်းပါးပြီး ကယ်ဆီယမ်ဓာတ်ဆုံးရှုံးမှုမြင့်တက်စေတာကြောင့် ကော်ဖီသောက်တာကိုလည်း လျှော့သောက်သင့်ပါတယ်။

play

 

၎ - အရက်

အရက်သောက်ခြင်းဟာ အသည်းကို ထိခိုက်တာကြောင့် ဗီတာမင်ဒီကိုပါ သက်ရောက်မှုရှိပါတယ်။ အရိုးတွေအားနည်းမှုကို ဖြစ်လာစေပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ