Health: ဖိအားများသည့် အလုပ်များက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်သည့် အကြောင်းရင်း

ဖိအားများပြီး စိတ်ပင်ပန်းမှုရှိတဲ့ အလုပ်တွေကို လုပ်နေရသူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သေဆုံးနိုင်ချေ ၃၄ ရာခိုင်နှုန်း ပိုများပါတယ်။

 

အကြမ်းဖျင်းအားဖြင့် စိတ်ဖိစီးမှုများတဲ့ အလုပ်တွေဆိုရင်  ကျန်းမာရေးအတွက် မကောင်းမွန်ဘူးလို့ သိထားကြပြီးသား ဖြစ်ပါတယ်။ ဒီအချက်ကို ပိုပြီးသေချာစေတဲ့ စစ်တမ်းတစ်ခုကို သုတေသီတွေက ထုတ်ပြန်လိုက်ပါတယ်။

 

စစ်တမ်းအရ စိတ်ဖိစီးမှု များတဲ့အလုပ်တွေနဲ့  ကိုယ်ပိုင်ဆုံးဖြတ်ချက် လွတ်လွတ်လပ်လပ် မချနိုင်သူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သေဆုံးနိုင်ချေပိုများတယ်လို့ သိရပါတယ်။ ခုနှစ်နှစ်အတွင်း လူပေါင်း နှစ်ထောင့်သုံးရာကို လေ့လာခဲ့ပြီးတဲ့နောက် ဒီရလဒ်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အလုပ်မှာ လွတ်လပ်မှု မရှိဘဲ အမြဲတမ်း ဖိအားအပြည့်နဲ့ အလုပ်လုပ်နေရသူတွေဟာ အစားအသောက် ပိုစားသလို၊ ဆေးလိပ်လည်းပိုသောက်ကြတယ်လို့ ဆိုပါတယ်။

 

အလုပ်မှာ ဖိအားအမြဲများရသူတွေဟာ အကြမ်းဖျင်းအားဖြင့် ကျန်းမာမျှတဲ့ ဘဝနေထိုင်မှု ပုံစံ မရကြလို့ပါ။

အလုပ်အပေါ် ပိုပြီးအာရုံစိုက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ အကျင့်တွေကို မသိမသာ မွေးမြူလေ့ရှိတတ်တယ်လို့ ဆိုပါတယ်။ အင်ဒီယားနားတက္ကသိုလ်ရဲ့ စီးပွားရေးကျောင်းက ဒီသုတေသနကို ပြုလုပ်ခဲ့တာပါ။

ဖိအားများတဲ့ အလုပ်ဟာ အသက်တိုစေတယ်လို့ အလွယ်ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ဝါသနာပါတဲ့ အလုပ်၊ ဒါမှမဟုတ် ရည်မှန်းချက်ပန်းတိုင် တစ်ခုခုထားပြီ အလုပ်လုပ်နေသူတွေကတော့ ကျန်းမာရေး ပိုကောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ