Health: ခါးနာရင် အိပ်သင့်တဲ့ ပုံစံ

မှောက်လျက်အိပ်တာမျိုးဟာ အဆိုးဆုံးဖြစ်ပါတယ်။

play

 

ခါးနာတဲ့အခါ အိပ်တဲ့ပုံစံမမှန်ရင် တော်တော်နဲ့မပျောက်ဘဲ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် မှောက်လျက်အိပ်တာမျိုးဟာ အဆိုးဆုံးဖြစ်ပါတယ်။ ခါးနာရင် အိပ်သင့်တဲ့ ပုံစံနှစ်မျိုးရှိပါတယ်။

၁ -  ဘေးတစောင်း

ဘေးဘက်ကို စောင်းအိပ်တဲ့အခါ ဒူးခေါင်းနှစ်လုံးကြားမှာ ခေါင်းအုံးကို ထားပေးရမှာ ဖြစ်ပါတယ်။ အပေါ်က ခြေထောက်ဟာ အောက်ကကြမ်းပြင်နဲ့ မထိအောင်ခုထားတာ ဖြစ်ပါတယ်။ ခါးအောက်မှာ အနေတော်အဝတ်တစ်ခုလောက် ခုထားတာမျိုးလည်း လုပ်လို့ရပါတယ်။

၂ - ပက်လက်လှန်

ပက်လက်လှန်အိပ်မယ်ဆိုရင် ဒူးခေါင်းအောက်မှာ ခေါင်းအုံးထားပါ။ တံခေါက်ကွေးအောက်မှာ အခြားအဝတ်တစ်မျိုးမျိုး ထားပေးလည်း ရပါတယ်။

Photos & Source: Web MD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ