Health: မအိပ်သင့်တဲ့ ခေါင်းအုံးပုံစံ

ဖိကြည့်လိုက်လို့ ချိုင့်ခွက်ဖြစ်သွားပြီး ပုံမှန်အနေအထားကို ပြန်မရောက်လာဘူးဆိုရင် အဆိုပါ ခေါင်းအုံးကိုလဲသင့်ပါပြီ။

play

 

သင့်လည်ပင်းတစ်ဝိုက် နာတာ၊အောင့်တာတွေဟာ ခေါင်းအုံးပုံစံ မမှန်တာနဲ့လည်း ဆက်စပ်နိုင်ပါတယ်။ ဒီအခါမှာ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ မူးဝေတာတွေ ဖြစ်လာတတ်ပါတယ်။

၁ - မြင့်လွန်းတယ်

မြင့်လွန်းတဲ့ခေါင်းအုံးဟာ သင့်လည်ပင်းက ကြွက်သားတွေကို ဆွဲဆန့်နေသလို ဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်းကျောရိုးဟာ ထိပ်မှာ ကွေးထွက်နေပါတယ်။ ဖိအားတွေဖြစ်လာပြီး ကျောရိုးအပေါ်ဘက်နဲ့ လည်ပင်းနာကျင်မှုတွေ ဖြစ်လာပါတယ်။ ဒီလိုဘေးတစ်စောင်းအိပ်တဲ့အခါ လူအများစုဟာ အပေါ်ခြေထောက်ကို ရှေ့ထုတ်ပြီး ကွေးအိပ်တာကြောင့် ခါးနာမှုတွေပါ ဖြစ်လာပါတယ်။

၂ - နိမ့်လွန်းတယ်

ခေါင်းအုံးဟာ နိမ့်လွန်းရင်လည်း ကြွက်သားတွေဟာ ခေါင်းအုံးထဲကို ပျော့ကျသွားပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ကျောရိုးဟာ အောက်ကိုကွေးသွားပါတယ်။

၃ - ပှံမှန်

မနိမ့်လွန်း၊ မမြင့်လွန်းတဲ့ ခေါင်းအုံးဟာ အသင့်လျော်ဆုံးဖြစ်ပါတယ်။ ခေါင်းအုံးကို ဖိကြည့်လိုက်လို့ ချိုင့်ခွက်ဖြစ်သွားပြီး ပုံမှန်အနေအထားကို ပြန်မရောက်လာဘူးဆိုရင် အဆိုပါ ခေါင်းအုံးကိုလဲသင့်ပါပြီ။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ