Health: ကင်ဆာကြောင့် သေဆုံးသူများအနက် ၃၀ ရာခိုင်နှုန်းမှာ ဆေးလိပ်ကြောင့်ဖြစ်

ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာ ၁၂ မျိုးလောက် ဖြစ်ပွားနိုင်ပါတယ်။

play

 

အမေရိကမှာ ကင်ဆာနဲ့သေဆုံးသူတွေကို လေ့လာဆန်းစစ်ကြည့်ရာမှာ ၃၀ ရာခိုင်နှုန်းလောက်က ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

ကင်ဆာကြောင့်  သေဆုံးသူများအနက် အမျိုးသား ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီး ၄ ပုံ ၁ ပုံ ဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ JAMA Internal Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အမေရိကမှာ ဆေးလိပ်သောက်သူ သန်း ၄၀ လောက် ရှိနေတယ်လို့လည်း အမေရိကန်သုတေသီတွေက ဆိုပါတယ်။

play

 

ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာအမျိုးအစား ၁၂ မျိုးလောက် ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ