Health: ကျန်းမာရေးနဲ့ ပတ်သက်ပြီး သင့်နားက သင့်ကို သတိပေးနေတဲ့ အချက် (၅) ချက်

တစ်စုံတစ်ခုနဲ့ မတည့်တဲ့အခါ အရေပြားတွေမှာ လက္ခဏာပြရုံတင်မကဘဲ နားမှာလည်း ပြတတ်ပါတယ်။

play

 

၁ - ဆီးချို၊ သွေးချို

အကြားအာရုံချို့ယွင်းလာခြင်းဟာ နားနဲ့ပတ်သက်ရုံမကဘဲ အခြားရောဂါတွေနဲ့ပါ သက်ဆိုင်ပါတယ်။ အကြားအာရုံချို့ယွင်းမှုဟာ ဆီးချို၊ သွေးချို ဖြစ်ပွားနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ သုတေသနတစ်ခုမှာ အကြားအာရုံချို့ယွင်းသူတွေဟာ ဆီးချို၊သွေးချို ဖြစ်ပွားနိုင်ခြေ နှစ်ဆရှိကြောင်း တွေ့ရှိထားပါတယ်။

၂ - နှလုံးရောဂါ

play

 

မှန်ထဲကို ကြည့်လို့ သင့်နားရွက်ဟာ ပုံမှန်အတိုင်းပဲချောမွေ့နေတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကန့်လန့်ဖြတ် အစင်းကြောင်းမျိုး ရှိနေတယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနေတယ်ဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

၃ - သွား

နားထဲက နာတယ်ဆိုပေမဲ့ နားမှာ ပြဿနာဖြစ်နေတာမဟုတ်ဘဲ သွားပြဿနာလည်း ဖြစ်နေနိုင်ပါတယ်။

၎ - မတည့်မှု

တစ်စုံတစ်ခုနဲ့ မတည့်တဲ့အခါ အရေပြားတွေမှာ လက္ခဏာပြရုံတင်မကဘဲ နားမှာလည်း ပြတတ်ပါတယ်။ နားယားတာ၊ ယောင်လာတာ၊ ပိတ်ဆို့ထားသလိုခံစားရတာတွေ ဖြစ်လာပါတယ်။

၅ - ပြဿနာများ

နားထဲမှာ အသံမြည်နေတယ်ဆိုရင်တော့ ခန္ဓာကိုယ်အားနည်းတာကစပြီး ရောဂါများစွာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ စိုးရိမ်လွန်းနေတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

Photos & Source: Prevention

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ