Health: အဆစ်အမြစ်တွေကို ထိခိုက်စေတဲ့ အကြောင်းအရင်း (၄) ခု

အဝလွန်သူတွေဟာ သာမန်လူတွေထက် အရိုးဆစ်ပြဿနာဖြစ်နိုင်ခြေလည်း အလွန်များပါတယ်။

 

၁ - အပြေး

ပြေးတာဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ဟန်ချက်ညီဖို့လည်း လိုပါတယ်။ အပြေးပြီး အပြေးလုပ်နေတာထက် တစ်ပတ်မှာ တစ်ခါလောက်နားတာ၊ နှစ်ပတ်မှာ တစ်ခါလောက်နားတာမျိုး လုပ်ပေးသင့်ပါတယ်။ ပြေးတဲ့အခါ ကြွက်သားတွေ သန်မာဖို့ အခြားလေ့ကျင့်ခန်းလေးတွေလည်း တွဲလုပ်ပေးသင့်ပါတယ်။

၂ - ကိုယ်အလေးချိန်

 

ကိုယ်အလေးချိန်တွေ တအားတက်နေမှန်းသိပေမဲ့ ဘာမှ မလုပ်ဘဲ ဒီအတိုင်းတက်ခွင့်ပြုထားတာဟာ အရိုးဆစ်တွေအတွက် မကောင်းပါဘူး။ သင့်အရိုးဆစ်တွေဟာ ရှိသင့်တာထက် ပိုသယ်နေရသလို ဖြစ်နေပါတယ်။ အဝလွန်သူတွေဟာ သာမန်လူတွေထက် အရိုးဆစ်ပြဿနာဖြစ်နိုင်ခြေလည်း အလွန်များပါတယ်။

၃ - လေ့ကျင့်ခန်း

 

ခန္ဓာကိုယ်မှာ လှုပ်ရှားမှုနည်းတာကြောင့် သင့်ကြွက်သားတွေ တင်းတောင့်နေတာကလည်း အရိုးအဆစ်တွေကို ထိခိုက်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားရာမှာ အရိုးဆစ်တွေကို ကြွက်သားတွေက ကူညီပေးနေတာ ဖြစ်ပါတယ်။

၎ - အပိုဝန်

 

အရာဝတ္ထုတွေကို နိုင်တာထက် ပိုပြီးမတာ၊ လုပ်နိုင်တာထက် လေ့ကျင့်ခန်းပိုလုပ်တာတွေဟာ အရိုးဆစ်ကို ထိခိုက်စေပါတယ်။

Photos & Source: Prevention

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ