Health: ပီကေမျိုချမိရင် ဘာဖြစ်နိုင်လဲ

ဗိုက်ထဲမှာ ၇ နှစ်လောက် ကပ်နေတယ်ဆိုတာ ဟုတ်ပါ့မလား?

play

 

ပီကေဝါးရတာ သဘောကျသူတိုင်း ကြုံရလေ့ရှိတာကတော့ မတော်တဆ ပီကေမျိုချမိတာပါပဲ။ အချို့ကလေးငယ်တွေဆိုရင်လည်း ပီကေကို စားစရာအမှတ်နဲ့ မျိုချကြပါတယ်။ ပီကေမျိုချခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုရှိ၊ မရှိကို နယူးယော့ခ်မြို့တော်က NYU Langone ကျန်းမာရေးစင်တာရဲ့ တွဲဖက်ပါမောက္ခ ဒေါက်တာ လီဆာဂန်ဂျူက ရှင်းပြခဲ့ပါတယ်။

play

 

ပီကေမျိုချမိရင် ဗိုက်ထဲမှာ ၇ နှစ်လောက် ကပ်နေတာဆိုတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်က ပီကေကို မခြေဖျက်ပေးနိုင်တဲ့အခါ အက်ဆစ်နဲ့ အင်ဇိုင်းဓာတ်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒီအရာတွေက ပီကေကို အူလမ်းကြောင်းတစ်လျှောက် ဆင်းသွားစေပြီး အစာအိမ်ဟောင်းကိုရောက်ကာ နောက်ဆုံးမှာ မစင်နဲ့ရောပြီး ထွက်သွားပါလိမ့်မယ်။

play

 

ပီကေမျိုချမိလို့ ဆိုးဆိုးရွားရွားကြီး မဖြစ်ဘူးဆိုပေမဲ့ မျိုချရမယ်လို့တော့ မဆိုလိုပါဘူး။ ဝါးလို့ရရုံသာ ဖန်တီးထားတဲ့အရာဖြစ်လို့ ဝါးပြီးရင် ထွေးထုတ်ရမှာပဲ ဖြစ်ပါတယ်။

Source : Buzz Feed

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ