AD
AD
AD
play


၂၀၃၀ ခုနှစ်ရောက်ရှိချိန်မှာ ကင်ဆာရောဂါကြောင့် အမျိုးသမီး ၅.၅ သန်း နှစ်စဉ် သေဆုံးလိမ့်မှာဖြစ်ပြီး အဆိုပါ ပမာဏအရ ယခုအချိန်မှ နောက်ထပ် ဆယ်စုနှစ် ၂ ခု မပြည့်မီအတွင်း ကင်ဆာကြောင့် အမျိုးသမီးများ သေဆုံးမှုနှုန်းဟာ ၆၀ ရာခိုင်နှုန်းနီးပါ မြင့်တက်လာမှုဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

play


ကမ္ဘာ့လူဦးရေ တိုးပွားလာပြီး သက်ကြီးရွယ်အိုများ များပြားလာမှုဟာ ဆင်းရဲတဲ့နိုင်ငံနဲ့ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံများမှာ နေထိုင်ကြတဲ့ အမျိုးသမီးထုအတွင်း အမြင့်ဆုံးဖြစ်လာမယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ အဆိုပါ နိုင်ငံတွေမှာ နေထိုင်တဲ့ အမျိုးသမီး အများအပြားဟာ ကာကွယ်နိုင်တဲ့ ကင်ဆာရောဂါများ ခံစားကြရနိုင်ကြောင်း သိရပါတယ်။

play


လက်ရှိမှာလည်း ကင်ဆာရောဂါကြောင့် ကမ္ဘာတစ်ဝန်း အမျိုးသမီး ခုနစ်ဦးမှာ တစ်ဦး သေဆုံးနေကြောင်း အမေရိကန်ကင်ဆာအဖွဲ့အစည်းနဲ့ Merck ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်တဲ့ အစီရင်ခံစာ ဆိုပါတယ်။ လက်ရှိမှာလည်း ကင်ဆာကြောင့် အမျိုးသမီးများ သေဆုံးမှုနှုန်းဟာ နှလုံးရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးရမှုပြီးလျှင် သေဆုံးမှုနှုန်း ဒုတိယအများဆုံး ဖြစ်ပါတယ်။

ယခင်က သေဆုံးမှုအများဆုံး ကင်ဆာရောဂါ လေးမျိုးဖြစ်တဲ့ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့ဟာ ယခုအခါ ကာကွယ်နိုင်ခြင်း သို့မဟုတ် စောစီးစွာ သိရှိနိုင်ခြင်းတို့နဲ့အတူ ကုသမှုများဟာလည်း အောင်မြင်လာပြီလို့ သိရပါတယ်။

အစီရင်ခံစာမှာ ဖော်ပြထားမှုအရ ၂၀၁၂ ခုနှစ်က ကမ္ဘာတစ်ဝန်း အမျိုးသမီးများ ကင်ဆာဖြစ်ပွားမှု ၆.၇ သန်းရှိခဲ့ပြီး ၃.၅ သန်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း အမျိုးသမီးများ ကင်ဆာရောဂါဖြစ်ပွားမှု ၅၆ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၆၄ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးမှုအားနည်းတဲ့ နိုင်ငံများမှဖြစ်ပါတယ်။

နိုဝင်ဘာ ၁ ရက်က အသစ်ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ၂၀၃၀ ခုနှစ်အရောက်မှာ နှစ်စဉ် ကမ္ဘာတစ်ဝန်း အမျိုးသမီးများ ကင်ဆာရောဂါ ဖြစ်ပွားမှုဟာ ၉.၉ သန်းအထိ တိုးမြင့်လာမှာဖြစ်ပြီး သေဆုံးမှုမှာလည်း ၅.၅ သန်းအထိ ရှိလာနိုင်ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD