AD
AD
AD
play

 

ကြက်ဥစားခြင်းဟာ နှလုံးအတွက် မကောင်းဘူးဆိုတာ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်သာ ဖြစ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။ ,ယင်းသို့ မဟုတ်တဲ့အပြင် ကြက်ဥဟာ ရောဂါတွေဖြစ်ပေါ်စေအောင် တွန်းအားပေးတဲ့ ဓာတ်တွေကိုတောင် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်များက အရွယ်ရောက်ပြီးသူ တစ်သိန်းခန့်ရဲ့ နေ့စဉ်စားသောက်ပုံကို ကြည့်ပြီး သုတေသနလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ယင်းလေ့လာချက်အရ နေ့စဉ် ကြက်ဥစားခြင်းက လေသင်တုန်းဖြတ်ခြင်းကို ၁၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ကြက်ဥဟာ နှလုံးရောဂါအပေါ် ဘာဆိုးကျိုးမှ မသက်ရောက်စေတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကို ၃ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

play

 

ကြက်ဥဟာ အောက်သွေးနဲ့ ဆက်စပ်နေတဲ့ ပရိုတင်းဓာတ်ရဲ့ အကောင်းမွန်ဆုံး အရင်းအမြစ်တစ်ခုလည်းဖြစ်ကြောင်း သုတေသီခေါင်းဆောင် ဒေါက်တာ ဒိုမီနစ်ခ်အလက်ဇန္ဒားဆိုပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD