AD
AD
AD
play

 

အိပ်ရေးဝဝ မအိပ်ခြင်းဟာ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အလှအပကို ထိခိုက်စေရုံသာမက အဝလွန်ခြင်းဆီကိုပါ ဦးတည်နေတာကို သိပါသလား။ ညဥ့်နက်ချိန်အထိ မအိပ်နိုင်သေးသူတွေဟာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလွယ်စာတွေကို ပိုမိုစားသုံးမိနေကြပါတယ်။

play

 

အရွယ်ရောက်ပြီးသူတစ်ဦးအနေနဲ့ ညဉ့်နက်ချိန်မှာ ကယ်လိုရီ ၃၈၅ ပါဝင်တဲ့ အလွယ်စာကို စားမိကြတယ်လို့ ဗြိတိန်သတင်းဌာန The Sun မှာ ဖော်ပြထားပါတယ်။ အိပ်ရေးမဝခြင်းဟာ လူကိုပိုမိုနွမ်းနယ်စေပြီး အလွယ်စာတွေကို ပိုစားမိအောင် တွန်းပို့မိသွားပါတော့တယ်။

တစ်နေ့ကို ကယ်လိုရီ ၃၈၅ စားမယ်ဆိုရင် တစ်နှစ်မှာ ၄၂ ပေါင် နီးပါး ကိုယ်အလေးချိန် တက်လာနိုင်ကြောင်း လန်ဒန်က King's ကောလိပ်ရဲ့ သုတေသီတွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD