မီးအပူချိန် ခပ်ပြင်းပြင်းနဲ့ ကြော်လှော်သိမ်းဆည်းထားတဲ့ ဆီကြော်အစားအသောက်တွေဟာ ကျန်းမာရေးမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေကြာင်း သုတေသီတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

အထူးသဖြင့် မီးအပူချိန် ၁၅၀ နဲ့အထက် အသုံးပြုပြီး ဆီကြော်ထားတဲ့ အစားအသောက်တွေဟာ နှလုံးကျန်းမာရေးအတွက် လုံးဝမသင့်တော်ဘူးလို့ ဆိုပါတယ်။ အသင့်စား အာလူးကြော်တွေလိုမျိုး အစားသောက်တွေက သင့်ကို အဆီများ ဝဖြိုးစေရုံသာမက အသက်တိုဖို့ အခွင့်အလမ်း ပိုများတယ်လို့ဆိုပါတယ်။

play

 

အပူချိန် ၁၅၀ နဲ့အထက် ကြော်လိုက်တဲ့အခါ အစားအသောက်တွေရဲ့ ဓါတုဓာတ်ပြုမှုဟာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တွင်း ပုံမှန်လည်ပတ်မှု ဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်ပါတယ်။ အာလူးကြော်တွေလို ဆီကြော်အစားအသောက်တွေဟာ်fatty acids  ကိုထုတ်လုပ်ရုံသာမက နှလုံးသွေးကြောကျဉ်းတာကိုလည်း ဖြစ်ပေါ်စေပါတယ်။

အီဒင်ဘာ့ဂ်တက္ကသိုလ်က ပညာရှင်တွေကတော့ ဒီလိုအပူချိန်ခပ်ပြင်းပြင်းနဲ့ ကြော်ထားတဲ့ ဆီကြော်တွေဟာ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါများစွာ ဖြစ်ဖို့ လမ်းစရှိကြောင်း သတိပေးထားပါတယ်။ ဒါဟာ ယနေ့ခေတ် လူတွေဘာကြောင့် နှလုံးရောဂါတွေအဖြစ်များရသလဲဆိုတဲ့ အဖြေဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video