play


လေထုညစ်ညမ်းမှုက ကလေးငယ်များ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ အရွယ်ရောက်ပြီးသူတွေနဲ့ နှိုင်းယှဉ်ပါက ကလေးငယ်တွေမှာ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးမှုများ ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။

play


ကလေးငယ်တွေကို လေထုညစ်ညမ်းမှု အန္တရာယ်မှ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။

၁။ အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုမှ ကလေးများကို ရှောင်ရှားခိုင်းသင့်ပါတယ်။ ယာဉ်ကြော ကြာရှည်ပိတ်ဆို့နေပါက ကားမှန်တံခါတွေကို ပိတ်ထားပါ။

၂။ ကလေးငယ်တွေရဲ့ မျက်စိ၊ မျက်နှာနဲ့ နှာခေါင်းတို့ကို ကာကွယ်ထားနိုင်ရန် လက်ကိုင်ပဝါ ဒါမှမဟုတ် မျက်နှာဖုံးစွပ်နဲ့ မျက်မှန် အသုံးပြုပါ။ အပြင်မှ ပြန်လာပြီးတိုင်း ရေချိုးပါ။ ဒါမှမဟုတ် ကိုယ်လက်ဆေးကြောသန့်စင်ပြီး အဝတ်အစားများ လဲလှယ်ပါ။

play


၃။ မီးခိုးထုတ်လွှတ်မှုများတဲ့ နေရာတွေမှာ ကလေးများ ကစားခြင်း မပြုသင့်ပါ။ အသွားအလာများတဲ့ လမ်းများ၊ လူနေထူထပ်တဲ့ နေရာများကို ကလေးများ ရှောင်ရှားသင့်ပြီး အဆိုပါနေရာတွေကို သွားလာတဲ့အခါ မျက်နှာဖုံးစွပ်ပါ။

၎။ သန့်ရှင်းလတ်ဆတ်တဲ့ လေထုရှိရာနေရတွေမှာ ကလေးများ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။

၅။ ဗီတာမင်စီ ပါဝင်တဲ့ အစားအစာများ စားပေးသင့်ပါတယ်။

၆။ နေအိမ်အတွင်း လေသန့်စင်ပေးနိုင်တဲ့ အပင်များ ထားရှင်သင့်ပါတယ်။ ဒါမှမဟုတ် လေသန့်စင်စက်များဖြင့် နေအိမ်အတွင်း လေထုကို သန့်စင်စေနိုင်ပါတယ်။
Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video