AD
AD
AD

သကြားဓာတ်လွန်ကဲတဲ့ အချိုရည်တွေကို ဆေးရုံတွေမှာ ရောင်းချခွင့် ပိတ်ပင်လိုကြောင်း ယူကေရဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) အကြီးအကဲ စိုင်မွန်စတီဗင်က ပြောကြားလိုက်ပါတယ်။

ယခုလိုပိတ်ပင်ရခြင်းဟာ ကျန်းမာရေးအတွက် စံနမူနာကောင်းတစ်ခုအနေနဲ့ ပြုလုပ်လိုတာဖြစ်တယ်လို့ စိုင်မွန်က ပြောပါတယ်။ ပိတ်ပင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကိုတော့ ဇန်န၀ါရီ ၁၈ ရက် မတိုင်မီအထိ ပြုလုပ်ကြမှာဖြစ်ပါတယ်။

play

 

စိုင်မွန်ရဲ့အစီအစဉ်သာ အထမြောက်ခဲ့မယ်ဆိုရင်တော့ အင်္ဂလန်ဟာ သကြားများတဲ့အချိုရည်တွေ ဆေးရုံမှာ ရောင်းချခွင့်ပိတ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာမှာပါ။ ပိတ်ပင်မယ့်အချိုရည်စာရင်းထဲမှာ သကြားဓာတ်ပါတဲ့ သောက်စရာတွေပါဝင်နေပြီး သစ်သီးဖျော်ရည်၊ အချိုများတဲ့နို့ပါတဲ့ သောက်စရာတွေနဲ့ အချိုဓာတ်ထည့်ထားတဲ့ ကော်ဖီတွေလည်း ပါဝင်နေကြောင်း သိရပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD