play

 

ဝမ်းပုံမှန်မသွားတတ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေတတ်သလို ဝမ်းသွားချိန် မှားယွင်းနေခြင်းကလည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဝမ်းသွားချိန်မှားယွင်းတယ်ဆိုလို့ မသွားချင်သေးတဲ့အချိန်မှာ အတင်းသွားတာကို မဆိုလိုပါဘူး။ ဒါပေမဲ့ နေ့စဉ်ဝမ်းမှန်အောင် လေ့ကျင့်လုပ်ယူထားလို့ရပါတယ်။ ကျန်းမာရေး သုတေသီတွေရဲ့ အဆိုအရ နေ့စဉ် မနက် အိပ်ရာနိုးပြီး မိနစ် ၃၀ အတွင်းဟာ သန့်စင်ခန်းဝင်ဖို့ အကောင်းဆုံးအချိန်လို့ ဆိုကြပါတယ်။

play

 

လူတွေဟာ အိပ်ရာက နိုးထလာပြီး မိနစ်သုံးဆယ်အတွင်းမှာ ဝမ်းသွားဖို့ ခန္ဓာကိုယ်က အဆင်သင့်ဖြစ်နေတတ်တယ်လို့ သိရပါတယ်။ အကြောင်းကတော့ သင့်ရဲ့အူမကြီးအတွက် အညစ်အကြေးစွန့်ထုတ်ဖို့ အကောင်းဆုံး အချိန်ဖြစ်နေလို့ပါ။

ပုံမှန်းဝမ်းသွားဖို့ လုပ်သင့်တာတွေကတော့ ...

၁။ ပုံမှန်အိပ်၊ ပုံမှန်စားပါ။

၂။ ဖိုက်ဘာမျှင်ကြွယ်ဝတဲ့ အစားသောက်တွေစားပါ။

၃။ ရေဓာတ်မခန်းခြောက်ပါစေနဲ့။

၎။ လေ့ကျင့်ခန်းလုပ်ပါ။

၅။ တာရှည်ခံ အစားအသောက်တွေရှောင်ပါ။

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video