AD
AD
AD

ယူကေရဲ့ ကျန်းမာရေးပညာရှင်တွေက အသက်ငါးနှစ်အောက် ကလေးတွေရဲ့ တီဗီကြည့်ချိန်ဟာ တစ်နေ့လျှင် တစ်နာရီအောက်သာ ရှိသင့်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အစိုးရအနေနဲ့ ဦးဆောင်လှုပ်ရှားပေးဖို့ ယူကေရဲ့ထိပ်တန်းဆရာဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။

ယနေ့ခေတ် ကလေးတွေဟာ တီဗီ၊ ကွန်ပျူတာ၊ tablet တို့လို အီလက်ထရောနစ်မျက်နှာပြင်တွေကို ပိုမိုကြည့်ရှုနေကြပါတယ်။ အသက် ၂ နှစ်အောက် ကလေးတွေဆိုရင် လုံးဝကို မကြည့်သင့်ပါဘူး။ အီလက်ထရောနစ်မျက်နှာပြင်တွေကို အကြည့်များတဲ့ကလေးတွေဟာ အိပ်စက်မှုပုံမမှန်ဖြစ်စေပြီး ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD