AD
AD
AD
play

 

သင်နေ့စဉ်စားတဲ့ အစားအစာထဲမှာ အဆီများနေလား။

ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ အဆီများတဲ့ အစားအစာတွေကို စားခြင်းဟာ လူရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုသာမကဘဲ မျက်လုံးကျန်းမာရေးကိုပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

play

 

အဆီများတဲ့ အစားအစာတွေကို စားခြင်းဟာ အူအတွင်းက ပိုးမွှားအစုအဖွဲ့တွေကို ပြောင်းလဲမှုဖြစ်ပေါ်စေပြီး AMD လို့ခေါ်တဲ့ မျက်လုံးအတွင်းက အလင်းနဲ့ သက်ဆိုင်တဲ့ တစ်ရှုးတွေ ယိုယွင်းလာနိုင်ခြေ မြင့်မားလာတာ ဖြစ်ပါတယ်။

play

 

သုတေသနကို ကနေဒါနိုင်ငံ Montreal တက္ကသိုလ်က ပါမောက္ခ Przemyslaw Sapieha က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး EMBO Molecular Medicine ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ အူတွေထဲမှာ နေထိုင်နေတဲ့ ပိုးမွှားတွေအပေါ် အစာစားခြင်း ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ သက်ရောက်ခြင်းဟာ AMD နဲ့ အမြင်အာရုံ ဆုံးရှုံးမှုရောဂါတွေ ဖြစ်ပွားနိုင်ခြေကို မြင့်တက်လာစေတယ်လို့လည်း Sapieha က ထပ်လောင်းပြောကြားထားပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD