play

 

ဆေးလိပ်မသောက်ခင်မှာ ဝိုင်နီတစ်ခွက် သောက်ခြင်းဟာ ဆေးလိပ်ကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုခဲ့ပါတယ်။

သွေးကြောတွေရဲ့ အနားသပ်တွေ ရေတို ပျက်စီးမှုကို ကာကွယ်နိုင်တဲ့ ဓာတုပစ္စည်းများ ဝိုင်နီမှာ ပါဝင်တယ်လို့ သိရပါတယ်။

ယင်းသုတေသနကို ပြုလုပ်ဖို့အတွက် ဆေးလိပ်မသောက်တဲ့ ကျန်းမာရေးကောင်းမွန်သူ ၂၀ ဦးကို ဆေးလိပ် ၃ လိပ် သောက်စေပြီး သွေးနဲ့ သွေးလွှတ်ကြောတွေအပေါ် သက်ရောက်မှုကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

play

 

သူတို့ထဲက လူတစ်ဝက်ကို ဆေးလိပ်မသောက်မီ နာရီဝက်အလိုမှာ ဝိုင်နီတစ်ခွက် သောက်ခိုင်းစေခဲ့ပါတယ်။

ဝိုင်သောက်ခြင်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ပျက်စီးမှုလို့ ညွှန်ပြနေတဲ့ သွေးလွှတ်ကြောနံရံတွေ၊ သွေးကလာပ်စည်းတွေနဲ့ သွေးဖြူဥတွေ ထုတ်လွှတ်မှုကို ကာကွယ်နိုင်တာကို တွေ့ရပါတယ်။

ဒါ့အပြင် ဆေးလိပ်သောက်ပြီးနောက် ဖြစ်နိုင်ခြေမြင့်မားသွားတဲ့ ရောင်ရမ်းမှုကို လျော့ကျစေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေကြောင်းလည်း တွေ့ရှိရပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video