play

 

SAD လို့ခေါ်တဲ့ ရာသီဥတုပေါ်လိုက်ပြီး စိတ်ဓာတ်ကျမှုဟာ အချို့လူတွေမှာ အမှန်တကယ်ဖြစ်ပွားပါတယ်။ အထူးသဖြင့် ဆောင်းရာသီလိုအချိန်တွေမှာ ဖြစ်ပွားတတ်ပြီး ဖြစ်ပွားရတဲ့အကြောင်းအရင်းကို တိတိကျကျမသိသေးပေမဲ့ အောက်ပါအချက်နဲ့လူတွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။

- လူငယ် အမျိုးသမီးဖြစ်တယ်။

- မိသားစုမျိုးရိုးထဲမှာ စိတ်ဓာတ်ကျမှု ပြင်းပြင်းထန်ထန်ဖြစ်သူတွေ ရှိတယ်။

- အီကွေတာနဲ့ အဝေးဆုံးမှာ နေထိုင်တယ်။

play

 

လူတွေမှာ ဖြစ်တတ်တဲ့ SAD လက္ခဏာချင်း မတူညီတတ်ပေမဲ့ အောက်ပါအချက်တွေ ရှိတတ်ပါတယ်။

- ဝမ်းနည်းတယ်။ စိုးရိမ်တယ်။

- နေ့စဉ်နေ့တိုင်းနီးပါး စိတ်ဓာတ်ကျနေတယ်။

- မျှော်လင့်ချက်မဲ့သလို ခံစားချက်တွေ ရှိနေတယ်။

- အလုပ်တာဝန်တွေပေါ် အာရုံစူးစိုက်ဖို့ ခက်ခဲနေတယ်။

play

 

- အိပ်တဲ့ပုံစံပြောင်းလာတယ်။ အလွန်အကျွံအိပ်တာတွေ၊ အိပ်လို့ မပျော်တာတွေ ဖြစ်လာတယ်။

- စားသောက်မှု ပုံစံ ပြောင်းလာတယ်။ အလွန်အကျွံစားတာတွေ ရှိလာတယ်။

- အားအင်ကုန်ခမ်းပြီး နွမ်းနယ်သလိုဖြစ်တယ်။

- လိင်စိတ် လျော့ကျလာတယ်။

play

 

- သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ လူတွေကို ရှောင်လာတယ်။

- ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွေးတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video