AD
AD
AD
play

 

သက်တမ်းရင့် ချိစ်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ စပါမစ်ဒင်ကို စားသုံးခြင်းက အသက်ပိုရှည်စေနိုင်ကြောင်း ယင်းလေ့လာမှုက ဆိုထားပါတယ်။

သုတေသီများဟာ စပါမစ်ဒင်ရဲ့ အကျိုးသက်ရောက်မှုတွေကို ကြွက်များနဲ့ စတင်စမ်းသပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ပျမ်းမျှသက်တမ်း ပိုရှည်လာတာကို မြင်တွေ့ရပါတယ်။

အဲဒီနောက် အီတလီနိုင်ငံသား ၈၀၀ ၏ စားသောက်မှုပုံစံကို စစ်တမ်းကောက်ယူရာတွင် စပါမစ်ဒင်စားသုံးမှု မြင့်မားသူများက သွေးဖိအားလျောနည်းပြီး နှလုံးရောဂါဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းလျော့ကျကာ အခြား နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေလည်း လျော့ကျကြောင်း တွေ့ရသည်။

play

 

ဒါပေမဲ့ ချိစ်ဟာ အဆီများတာကြောင့် အလွန်အကျွံစားရင် စပါမစ်ဒင်ရဲ့အကျိုးကျေးဇူးတွေ မရဘဲ ရှိနိုင်ပါတယ်။

စပါမစ်ဒင်ဓာတ်ကို ပဲအမျိုးမျိုး၊ ပြောင်းဖူးနှင့် ဂျုံ၊စပါးတို့မှလည်း ရရှိနိုင်တဲ့အတွက် အဲဒါတွေကို စားရင်တော့ ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်နိုင်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD