AD
AD
AD
play

 

အသက်ကြီးမှ ရရှိလာတဲ့ ဒဏ်ရာတွေဟာ ငယ်ရွယ်စဉ်ကလိုမျိုးမဟုတ်တော့ဘဲ ပျောက်ကင်းမှု နှေးသွားပါတယ်။ ဒါဟာ အရေပြားဆဲလ်တွေနဲ့ ကိုယ်ခံအားစနစ်ကြား ချို့ယွင်းလာတာကြောင့် ဖြစ်တယ်လို့ သုတေသနတစ်ခုက တွေ့ရှိထားပါတယ်။

ဒဏ်ရာဖြစ်ပေါ်လာတဲ့အခါ keratinocytes အရေပြားဆဲလ်သစ်ဟာ အမာရွတ်အောက်မှာ ဖွဲ့စည်းလာပြီး ဒဏ်ရာကို ပြန်လည်ဖြည့်တင်းလိုက်တာ ဖြစ်ပါတယ်။

အသက်ကြီးတဲ့အခါ အရေပြားဆဲလ်နဲ့ကိုယ်ခံအားစနစ်ကြား အလုပ်လုပ်မှုယို့ယွင်းတာဟာ အဆိုပါ အရေပြားဆဲလ်သစ်ဖွဲ့စည်းမှုကို နှေးကွေးသွားစေတာ ဖြစ်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့တဲ့ Rockefeller တက္ကသိုလ်မှ ပါမောက္ခအဲလိုင်းဖန့်ခ်ျက ပြောကြားထားပါတယ်။

သုတေသနဟာ နှစ်လသားကြွက်တွေနဲ့ ၂၄ လသား ကြွက်တွေကို နှိုင်းယှဉ်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD