AD
AD
AD
play

 

၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၄၇ ရာခိုင်နှုန်းဟာ ကင်ဆာဖြစ်နေလိမ့်မယ်လို့ ကျန်းမာရေးသုတေသီတွေက ခန့်မှန်းတွက်ချက်ထားကြပါတယ်။ ယနေ့အခါမှာလည်း ကင်ဆာဖြစ်ပွားနှုန်းက ပိုမိုမြင့်တက်လာနေပါတယ်။ အကယ်၍ မိမိရဲ့မိတ်ဆွေ သို့မဟုတ် ဆွေမျိုးအသိုင်းအဝိုင်းထဲက တစ်ဦးဦးမှာ ကင်ဆာရောဂါခံစားနေရတယ်ဆိုရင်တော့ ဒါတွေမပြောမိဖို့ လိုပါတယ်။

၁။ နေကောင်းလား

ကင်ဆာရောဂါသည်တစ်ယောက်ကို နေကောင်းရဲ့လားလို့မေးတာက သူ့ကိုလှောင်လိုက်သလို ခံစားရစေမှာပါပဲ။ ပိုပြီးလည်း ဝမ်းနည်းသွားပါလိမ့်မယ်။

play

 

၂။ အကောင်းမြင်လွန်းတဲ့စကား

ဘာမှမဖြစ်ပါဘူး၊ ကောင်းသွားမှာပါ၊ ရောဂါပျောက်သွားမှာပါ စတဲ့စကားတွေက ကုလို့ရတဲ့ကင်ဆာရောဂါရှင်တွေကိုသာ ပြောရမယ့်စကားပါ။ တကယ်လို့ ဂရုတစိုက် ဆေးကုရမယ့်လူကိုမှ အလွန်အကျွံကောင်းတဲ့ဘက်ကပြောနေရင် သူက ဆေးကုသဖို့ ပေါ့ဆသွားနိုင်ပါတယ်။

၃။ အနည်းဆုံးတော့ ဝိတ်ကျသွားတာပေါ့

ပုံပျက်ပန်းပျက် ဝနေရာက ကင်ဆာကြောင့် ၀ိတ်ကျရတာမျိုး ဘယ်သူမှ မနှစ်သက်ပါဘူး။ ဟာသဆိုပေမဲ့ သူကတော့ ရယ်မောမှာမဟုတ်တာ သေချာပါတယ်။

play

 

၎။ အခြားကင်ဆာသည်နဲ့နှိုင်းယှဉ်တာ

အခြားကင်ဆာသည်တွေလောက် ရောဂါမဆိုးကြောင်း နှိုင်းယှဉ်ပြောနေခြင်းဟာ ရောဂါခံစားနေရသူအဖို့ ထူးပြီးလည်း စိတ်သက်သာရာမရပါဘူး။

၅။ ပိုဆိုးတဲ့ကင်ဆာ

တော်သေးတာပေါ့ ပိုဆိုးတဲ့ ဟိုကင်ဆာမျိုး မဖြစ်လို့ပေါ့ဆိုတဲ့စကားကလည်း မပြောသင့်တဲ့စကားပါ။ ဘယ်သူကမှ ကင်ဆာရောဂါ တမင်ဖြစ်ချင်နေတာမဟုတ်လို့ ပိုဆိုးတဲ့ကင်ဆာနဲ့လည်း နှိုင်းယှဉ်ပြီး မနှစ်သိမ့်ပါနဲ့။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD