Health: ရက် ၁၀၀ အတွင်း ၇၄ ပေါင်အထိ တက်ညီလက်ညီ ဝိတ်ချနိုင်ခဲ့တဲ့ သားအမိ

ရက် ၁၀၀ စီမံကိန်းနဲ့ ဝိတ်ချခဲ့တာပါ။

play

 

မိခင်ဖြစ်သူ ချယ်ရီဆောနဲ့ သမီးဖြစ်သူ တက်ဆာတို့နှစ်ဦးသားဟာ တက်ညီ လက်ညီ လေ့ကျင့်ခန်း လုပ်လိုက်ကြတာ ရက်ပေါင်း ၁၀၀ အတွင်း ၇၄ ပေါင်အထိ ဝိတ်ကျသွားခဲ့ကြပါတယ်။

အသက် ၅၀ အရွယ်မိခင်ဖြစ်သူ ချယ်ရီနဲ့ ဆယ်ကျော်သက်အရွယ် သမီးငယ် တက်ဆာတို့ဟာ  သားအမိနှစ်ဦး တက်ညီလက်ညီ ဝိတ်ချဖို့အတွက် ရက်တစ်ရာပန်းတိုင်ထားပြီး ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ရက်တစ်ရာအတွင်း နေ့စဉ်လေ့ကျင့်ခန်းမပျက် လုပ်ဖြစ်စေဖို့အတွက်  giveit100.com ဆိုတဲ့ ဝက်ဘ်ဆိုက်ကို အသုံးပြုခဲ့ပြီး အဲဒီမှာ လေ့ကျင့်ခန်း လုပ်တဲ့ ဗီဒီယိုတွေကို နေ့စဉ်တင်ခဲ့တာ ဖြစ်ပါတယ်။

 

လေ့ကျင့်ခန်း မလုပ်ခင်မှာ မိခင်ချယ်ရီက လာမယ့်ခရစ္စမတ်အမီ သူဒိထက်ဝိတ်ကျသွားစေရမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း  Women's Health ဝက်ဘ်ဆိုက်ကို ပြောပြခဲ့ပါတယ်။ အဲဒီနောက် ရက် ၁၀၀ ပြည့်တဲ့အချိန်မှာ သူတို့သားအမိနှစ်ဦးပေါင်း ၇၄ ပေါင်အထိ ကျသွားခဲ့တာပါ။ ချယ်ရီဟာ နှစ်နှစ်အတွင်း ပေါင် ၁၀၀ ကျော်တက်ခဲ့တာဖြစ်ပြီး အဲဒီလို သူ့သမီးလည်းဖြစ်မှာ စိုးရိမ်တဲ့အတွက် ကြိုးစားပန်းစား ဝိတ်ချခဲ့တာပါ။

ရက် ၁၀၀ အတွင်း ကိုယ်အလေးချိန် ဒီလောက်ကျဆင်သွားဖို့အတွက် သူတို့သားအမိဟာ လေ့ကျင့်ခန်းချည်း လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ အောက်ပါအတိုင်း နေထိုင်စားသောက်မှု ပုံစံကိုလည်း ပြောင်းလဲခဲ့ပါသေးတယ်။

- သကြားဓာတ်လွန်ကဲသည့် အစားအသောက်များ ရှောင်ကြဉ်ခြင်း

- ရေများများသောက်ခြင်း

- အိမ်တွင် ချက်ပြုတ်သည့် အစားအသောက် များများစားခြင်း

- လွယ်ကူစွာ လုပ်ဆောင်နိုင်သည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း (လှေကားအတက်အဆင်း၊ လမ်းလျှောက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း)

စတာတွေ ဖြစ်ပါတယ်။

Source : Daily Mail

ဝိတ်ချတဲ့အခါ ဘယ်နည်းလမ်းက အကောင်းဆုံးလို့ ထင်ပါသလဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ