Health: အေရိုးဘစ်လေ့ကျင့်ခန်း ပြုလုပ်သူတွေ အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေနည်းပါး

တစ်ပတ်ကို လေးကြိမ်လောက်တော့ အားကစားလုပ်သင့်ပါတယ်။

 

မြောက်အမေရိက ရေဒီယိုရောင်ခြည်ကုသမှုဆိုင်အရာအဖွဲ့အစည်း (RSNA) ရဲ့ နှစ်စဉ်ကျင်းပတဲ့ အစည်းအဝေးမှာ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးရလဒ်ကို တင်ဆက်သွားခဲ့ပါတယ်။ သုတေသနအသစ်တွေရဲ့ ရလဒ်အရ တစ်ပတ်လျှင် လေးကြိမ် အားကစားလုပ်သူတွေဟာ အယ်လ်ဇိုင်းမား ခေါ် မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ ကျဆင်းသွားနိုင်တာ တွေ့ရှိရပါတယ်။

play

 

ဒီစမ်းသပ်လေ့လာမှုကို အရွယ်ရောက်ပြီးသူတွေနဲ့ ခြောက်လကြာ ပြုလုပ်ခဲ့တာပါ။ တစ်ပတ်လျှင် လေးကြိမ် အားကစားလုပ်သူတွေရဲ့ ဦးနှောက်ထုထည်က ပိုမိုကြီးမားလာတာကို တွေ့ရှိခဲ့ကြရပါတယ်။ စမ်းသပ်မှုမှာပါဝင်သူတွေအနက် အေရိုးဘစ် လေ့ကျင့်ခန်းပြုလုပ်သူတွေဟာ အကြောဆန့်လေ့ကျင့်ခန်း ပြုလုပ်သူတွေထက် ပိုပြီးကောင်းကျိုးရလဒ်ခံစားရတယ်လို့လည်း သုတေသီတွေက ထုတ်ပြန်ခဲ့ပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ