Health: ဝိတ်ချနေသူတွေ နေ့လယ်စာ မစားသင့်တဲ့ အချိန်

အဝလွန်နေသူ ၁၂၀၀ ရဲ့ ဝိတ်ချမှုအစီစဉ်တွေက ထိရောက်ခြင်းရှိမရှိ လေ့လာခဲ့တာ ဖြစ်ပါတယ်။

play

 

ဝိတ်ချဖို့ ကြိုးစားနေသူတွေအတွက် နေ့လယ်စာကို အလွန်နောက်ကျမှ စားခြင်းဟာ ဝိတ်ကျမှုနည်းစေတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

Clinical Nutrition ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဆိုပါ သုတေသနဟာ စပိန်နိုင်ငံက အဝလွန်နေသူ ၁၂၀၀ ရဲ့ ဝိတ်ချမှုအစီစဉ်တွေက ထိရောက်ခြင်းရှိမရှိ လေ့လာခဲ့တာ ဖြစ်ပါတယ်။

သုတေသနအရ နေ့လယ် ၃ နာရီနောက်ပိုင်းရောက်သွားမှ နေ့လယ်စာစားသူတွေရဲ့ ဝိတ်ချမှုဟာ ထိရောက်ခြင်းမရှိတာကို တွေ့ရှိခဲ့ပါတတ်။

  Obesity နိုင်ငံတကာဂျာနယ်က ၂၀၁၃ ခုနှစ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရလည်း ၃ နာရီ နောက်ပိုင်း နေ့လယ်စာ စားသူတွေဟာ စောပြီးစားသူတွေနဲ့ ယှဉ်ရင် ဝိတ်ကျမှုမှာ သိပ်ထိရောက်ခြင်းမရှိဘူးလို့ ဖော်ပြခဲ့ဖူးပါတယ်။

 ဒီလိုဖြစ်ရခြင်းဟာ ကိုယ်တွင်းအချိန်သတ်မှတ်ထားမှုကြောင့် အင်ဆူလင်တွေကို ခန္ဓာကိုယ်က တုံ့ပြန်မှု နည်းချိန်မှာ စားတဲ့အခါ အဆီတွေကို ခြေဖျက်ဖို့ ပိုခက်ခဲတာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: Prevention

ဝိတ်ချတဲ့အခါ နေ့လယ်စာ ဘယ်အချိန်စားလဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ