Health: ကာယလေ့ကျင့်ခန်းလုပ်ချိန်မှာ ကြပ်တဲ့အဝတ်တွေ မဝတ်သင့်တဲ့အကြောင်းရင်း

ခန္ဓာကိုယ်ပေါ်မှာ ၀က်ခြံတွေထွက်လာတာ မကောင်းပါဘူး။

play

 

ကျန်းမာရေးအတွက်ဖြစ်စေ ကိုယ်ခန္ဓာအချိုးအစား လှပလာဖို့ဖြစ်စေ လေ့ကျင့်ခန်းလုပ်ကြပါတယ်။ ယနေ့ခေတ်မှာတော့ အားကစားခန်းမ (Gym) တွေမှာ သွားရောက်ကာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ကြသူတွေ ပိုမိုများပြားလာပါတယ်။ လေ့ကျင့်ခန်းလုပ်တာကိုပဲ အာရုံစိုက်နေမိတဲ့အတွက် အရေပြားကို ဂရုစိုက်ဖို့လည်း မေ့နေကြတတ်ပါတယ်။ Gym သွားသူတွေအနေနဲ့ ခန္ဓာကိုယ်ပေါ်မှာ ဝက်ခြံတွေပေါက်လာပြီဆိုရင်တော့ သတိပြုသင့်ပါပြီ။

play

 

အကြောင်းရင်းကတော့ သင်အားကစားလုပ်စဉ် ဝတ်ထားတဲ့ ဝတ်စုံက အရမ်းကြပ်နေလို့ အရေးပြားကို ထိခိုက်နေပြီဖြစ်လို့ပါပဲ။ ကြပ်လွန်းတဲ့ဝတ်စုံက လေ၀င်လေထွက်မကောင်းတဲ့အခါ ခန္ဓာကိုယ်ကထွက်တဲ့ချွေးတွေက တော်ရုံနဲ့မခြောက်တော့ပါဘူး။ အဲ့ဒီအခါ ဘက်တီးရီးယားတွေ ပေါက်ပွားပြီး အရေပြားကို ဒုက္ခပေးတော့တာပါပဲ။ အားကစားလုပ်ချိန်မှာ အဝတ်အစားကြပ်ကြပ်ဝတ်ခြင်းဟာ ဝက်ခြံတွေဖြစ်စေရုံတင်မက အရေပြားယားယံမှုကိုလည်း ဖြစ်ပေါ်စေနိုင်သလို အခြားအရေပြားပြဿနာတွေလည်း ဖြစ်လာစေနိုင်လို့ သင့်ရဲ့အားကစားဝတ်စုံဟာ လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာဖြစ်နေဖို့ အရေးကြီးပါတယ်။

Source : Men'shealth

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ