Health: ဆေးလိပ်သောက်တဲ့ လူငယ်များ နှလုံးရောဂါဖြစ်နိုင်ခြေ ၈ ဆပိုများ

လူအများအပြားက ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို လျှော့တွက်ကြကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသီက သတိပေးပါတယ်။

play


ဆေးလိပ်သောက်တဲ့ လူငယ်များမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေဟာ ဆေးလိပ်မသောက်သူ သို့မဟုတ် ဆေးလိပ်ဖြတ်ခဲ့သူ လူငယ်များထက် ၈ ဆပိုများကြောင်း ဗြိတိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနက တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့ လူကြီးအရွယ်တွေဟာလည်း ၎င်းတို့နဲ့ရွယ်တူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေပိုများကြောင်း သုတေသီတွေက ပြောပါတယ်။

play


လူအများအပြားက ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို လျှော့တွက်ကြကြောင်း သုတေသနကို ဦးဆောင်ပြုလုပ်တဲ့ South Yorkshire Cardiothoracic Center မှ ဒေါက်တာ အီဗာဂရက်ခ်ျက သတိပေးပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်မှုဟာ လူတွေ သိထားကြတာထက် ပိုမိုများနေကြောင်း ၎င်းက ဆိုပါတယ်။

play


ဆေးလိပ်သောက်ခြင်းက နှလုံးရောဂါများ ဖြစ်နိုင်ခြေမြင့်တက်မှုကို ၁၉၅၀ ပြည့်လွန် နှစ်များကတည်းက သိရှိထားကြပါတယ်။ ဆေးလိပ်ကြောင့် ငယ်ရွယ်စဉ်အချိန်မှာပင် နှလုံးရောဂါ ဖြစ်နိုင်ခြေများတဲ့ အခြေအနေကို ဗြိတိန်သုတေသနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေက ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အတွင်း အသက် ၁၈ နှစ်ကျော် လူငယ်တွေရဲ့ အချက်အလက်များကို စုဆောင်းပြီး သုတေသန ပြုလုပ်ခဲ့ပါတယ်။

play


သုတေသန အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ လူငယ် ၁,၇၂၇ ဦးရှိပြီး ၎င်းတို့ဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် ကုသမှုခံယူခဲ့ရသူတွေ ဖြစ်ပါတယ်။ သုတေသနရလဒ်အရ အဆိုပါလူငယ်များအနက် ၄၇ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်သူတွေ ဖြစ်နေပြီး ၂၇ ရာခိုင်နှုန်းက ယခင်က ဆေးလိပ်သောက်ခဲ့ဖူးသူတွေဖြစ်ကာ ၂၄ ရာခိုင်နှုန်းကတော့ ဆေးလိပ် လုံးဝမသောက်ဖူးသူတွေ ဖြစ်ပါတယ်။ ဗြိတိန်သုတေသန တွေ့ရှိချက်ကို Heart ဂျာနယ်မှာ ရေးသားဖော်ပြထားကြောင်း သိရပါတယ်။
Source & Photo: Heart,

သင်ရော ဆေးလိပ်သောက်လား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ