Health: အခွံမာသီး နေ့စဉ်စားခြင်းက နှလုံးနဲ့ကင်ဆာအပါအဝင် ရောဂါများဖြစ်မှု လျော့နည်းစေ

အခွံမာသီးတွေနဲ့ မြေပဲတို့မှာ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သွေးအတွင်း ကိုလက်စထရော မဖြစ်စေနိုင်တဲ့ အဆီဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။

play


အခွံမာသီးနဲ့ မြေပဲကဲ့သို့ အစေ့အဆန်များ နေ့စဉ်စားခြင်းဖြင့် နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အပါအဝင် ရောဂါများဖြစ်နိုင်ခြေကို လျော့နည်းစေကြောင်း BMC ဆေးပညာဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနက ပြောပါတယ်။ အခွံမာသီး အနည်းဆုံး ၂၀ ဂရမ် (တစ်ကျပ်သားကျော်) ကို နေ့စဉ်စားပေးခြင်းဖြင့် ရောဂါများဖြစ်နိုင်ခြေကို လျော့နည်းစေကြောင်း သုတေတနရလဒ်က ဆိုပါတယ်။

play


Imperial College London နဲ့ Norwegian University of Science and Technology မှ သုတေသီက ကမ္ဘာတစ်ဝန်းမှ လူပေါင်း ၈၀၀,၀၀၀ ပါဝင်တဲ့ လေ့လာမှု ၂၉ ခုကို သုတေသနပြုခဲ့တာ ဖြစ်ပါတယ်။ သုတေသနပြုလုပ်ခဲ့တဲ့ လူဦးရေအတွင်း ကွဲပြားမှုအချို့ ရှိနိုင်ပေမဲ့ အခွံမာသီးစားခြင်းက သုတေသနမှာ ပါဝင်ခဲ့သူတွေအတွက် ရောဂါဖြစ်ပွားမှုကို လျော့နည်းစေခဲ့ကြောင်း သုတေသီတွေက ပြောပါတယ်။

play


သုတေသန တွေ့ရှိချက်အရ အခွံမာသီးပမာဏ အနည်းဆုံး ၂၀ ဂရမ် (တစ်ကျပ်သားကျော်) နေ့စဉ်စားခြင်းက နှလုံးရောဂါဖြစ်မှုကို ၃၀ ရာခိုင်နှုန်း၊ ကင်ဆာရောဂါဖြစ်မှုကို ၁၅ ရာခိုင်နှုန်းနဲ့ အရွယ်မတိုင်မီ သေဆုံးမှုကို ၂၂ ရာခိုင်နှုန်း လျော့နည်းစေကြောင်း သိရပါတယ်။ ဒါ့အပြင် အခွံမာသီးစားခြင်းဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မှုကို ၅၀ ရာခိုင်နှုန်းနဲ့ ဆီးချိုရောဂါဖြစ်မှုကို ၄၀ ရာခိုင်နှုန်းနီးပါး လျော့နည်းစေနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။

play

 
အခွံမာသီးတွေနဲ့ မြေပဲတို့မှာ အမျှင်ဓာတ်၊ မဂ္ဂနီစီယမ်နဲ့ သွေးအတွင်း ကိုလက်စထရော မဖြစ်စေနိုင်တဲ့ အဆီဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပြီး ကိုလက်စထရော ပမာဏကိုလည်း လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။
Source & Photo: Xinhua, BMC Medicine

အခွံမာသီးနဲ့ အစေ့အဆန်တွေ စားလေ့ရှိလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ