Health: အရောင်ပါ၊ မှိုတက်နေတဲ့ ငရုတ်သီးမှုန့်တွေစားရင် အစာအိမ်ရောင်ခြင်းနဲ့ သွေးအန်ခြင်းတွေ ဖြစ်နိုင်

အသည်းကြွပ်၊ အသည်းခြောက်တာတွေ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း သိရပါတယ်။

play

 

အရောင်ပါ၊  မှိုတက်နေတဲ့ ငရုတ်သီးမှုန့်တွေ စားမိတဲ့အခါ  အစာအိမ်ရောင်တာတွေ၊ သွေးအန်တာတွေ ဖြစ်ပေါ်စေတဲ့ အပြင် နောက်ဆက်တွဲအနေနဲ့ အသည်းကိုပါထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

ငရုတ်သီးမှုန့်တွေဟာ  အရောင်ဆိုးတာမကောင်းဘဲ သိပ်နီလို့ရှိရင် လှပေမဲ့ ၀မ်းထဲမှာ တော်တော်ထိတယ်လို့ အစာအိမ်နှင့်အူလမ်းကြောင်း၊ အသည်းအရောဂါကုသမားတော်ကြီး ဒေါက်တာမျိုးသွယ်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။  အနာတွေဖြစ်တာ၊ အစာအိမ်ရောင်တာနဲ့ တချို့ သွေးတောင်အန်တယ်လို့ ဒေါက်တာမျိုးသွယ်က ဆိုပါတယ်။

ငရုတ်သီးမှုန့်မှာပါဝင်တဲ့ အယ်ဖာတောက်ဆင် (မှိုအဆိပ်) ဟာ  အသည်းကို ထိခိုက်စေကာ အသည်းမှာ အရွတ်တည်တာ၊ အသည်းကြွပ်၊ အသည်းခြောက်တာတွေ ဖြစ်ပေါ်စေနိုင်ကြောင်း  သိရပါတယ်။

အရောင်ပါဝင်ပြီး မှိုတက်နေတဲ့  ငရုတ်သီးမှုန့်တွေ စားသုံးမိရင် ရောဂါလက္ခဏာ ချက်ချင်းမပြတတ်ပေမဲ့  သုံးလေးလကြာတဲ့အခါ ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း၊ အစား သောက်ပျက်လာခြင်းနဲ့ ပျို့အန် ခြင်းတွေ ဖြစ်ပေါ်ခံစားရနိုင်တယ်လို့ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါကု ဆရာဝန်ကြီးတွေက ပြောထားပါတယ်။

Source: 7Day Daily
Photos: indiamart.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ