Health: အိပ်ရာမထမီ လုပ်သင့်တဲ့ အကြောဆန့်နည်း (၃)နည်း

လွယ်ကူတဲ့ အကြောဆန့်နည်းတွေ ဖြစ်ပါတယ်။

play

 

၁ - ခန္ဓာကိုယ်အပြည့်

play

 

ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းတွေကို ချိတ်ပြီး နံရံကို တွန်းထားပါ။ တစ်ချိန်တည်းမှာ အသက်ရှုသွင်းပြီး ၁ ကနေ ၅ အထိရေပါ။ ဒူးခေါင်းတွေက ကွေးညွှတ်မနေဘဲ ဆန့်ထားဖို့ အရေးကြီးပါတယ်။ ၅ အထိရေပြီးရင်တော့ အသက်ပြန်ရှုထုတ်ပြီး ဆန့်ထားတဲ့ အကြောတွေကို ပြန်ဖြေလျှော့လိုက်ရမှာ ဖြစ်ပါတယ်။ အိပ်ရာကမထမီ သုံးကြိမ် လုပ်ပေးသင့်ပါတယ်။

၂ - နံပါတ်လေး

play

 

ဘယ်ဘက်ခြေထောက်ကို ပုံပါအတိုင်း ညာဘက်ဒူးခေါင်းနားကို တင်လိုက်ပါ။ အင်္ဂလိပ်အက္ခရာ နံပါတ် 4 ပုံစံဖြစ်ပါတယ်။ ပြီးရင်တော့ ရင်ဘတ်ထဲထိ ဒူးခေါင်းကို ကွေးချရမှာ ဖြစ်ပါတယ်။ ငါးအထိရေကာ အသက်ကို ဖြည်းဖြည်းချင်းရှုပါ။ ပြီးရင်တော့ အသက်ပြန်ရှုထုတ်ကာ နဂိုအတိုင်းပြန်ထားပြီး ခြေထောက်ဘက်ပြောင်း လုပ်ပါ။

၃ - အိပ်ရာ-ကြမ်းပြင်

play

 

ပုံပါအတိုင်း အိပ်ရာပေါ်ထိုင်ပြီး ခြေထောက်က ကြမ်းပြင်ကိုထိထားပါ။ ဒူးခေါင်းက ကွေးထားဖို့ လိုပါတယ်။ ခေါင်းကို တင်းမထားရပါဘူး။ လက်တွေက ကြမ်းပြင်ကို ထိထားဖို့ လိုပါတယ်။ ၁ ကနေ ၅ ထိရေပြီး အသက်ကို ပြန်ရှုထုတ်ပါ။

Photos & Source: Prevention

မနက်မိုးလင်းရင် လေ့ကျင့်ခန်းလုပ်လေ့ရှိလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ