Health: အစားအသောက်တွေကို သတင်းစာနဲ့ မထည့်သင့်တဲ့ အကြောင်းအရင်း

အစားအသောက်တွေကို သန့်သန့်ရှင်းရှင်းပြုလုပ်ထားပေမဲ့ သတင်းစာနဲ့ သယ်ဆောင်တာဟာ ကျန်းမာရေးကို ထိခိုက်နိုင်တာ ဖြစ်ပါတယ်။

play

 

အစားအသောက်တွေကို သတင်းစာနဲ့ပတ်ပြီး သယ်ဆောင်တာမျိုးဟာ ကျန်းမာရေးအတွက်ကောင်းမွန်ခြင်းမရှိဘူးလို့ သုတေသနများစွာက ထောက်ပြခဲ့ပြီး ဖြစ်သလို အိန္ဒိယနိုင်ငံ အစားအသောက်အန္တရယ်ကင်းစင်ရေးနဲ့ စံချိန်စံညွှန်းအဖွဲ့ကြီးကလည်း အဆိုပါအတိုင်း သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်းစာမှာ သုံးတဲ့ မှင်ဟာ ကျန်းမာရေးအတွက်မကောင်းတဲ့ ဆိုးကျိုးတွေသက်ရောက်နိုင်ပြီး အဆိုပါမှင်ဟာ အစားအသောက်တွေထဲ စိမ့်ယိုဝင်ရောက်သွားနိုင်တာ ဖြစ်ပါတယ်။ အစားအသောက်တွေကို သန့်သန့်ရှင်းရှင်းပြုလုပ်ထားပေမဲ့ သတင်းစာနဲ့ သယ်ဆောင်တာဟာ ကျန်းမာရေးကို ထိခိုက်နိုင်တာ ဖြစ်ပါတယ်။

အဆိုပါ မှင်ပြဿနာအပြင် သုံးပြီးသားသတင်းစာတွေမှာ ပိုးမွှားတွေလည်းရှိနေနိုင်ကာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ