Health: ဆယ်ကျော်သက်အရွယ်မှာ အရက်အလွန်အကျွံသောက်ခြင်းက ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်

ဘဝရဲ့ နှောင်ပိုင်းမှာလည်း ကျန်းမာရေးပြဿနာတွေများစွာ ဖြစ်ပေါ်နိုင်တာလည်း ဖြစ်ပါတယ်။

play

 

ဆယ်ကျော်သက် အရွယ်မှာ အရက်အလွန်အကျွံသောက်ခြင်းက ဦးနှောက်ဖွံ့ဖြိုးမှုကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

သုတေသနကို  Eastern Finland တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဦးနှောက်ရဲ့ ရင့်ကျက်ဖွံ့ဖြိုးမှုဟာ အသက် နှစ်ဆယ်ကျော်ထိ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်တယ်လို့ သုတေသနကို ဦးဆောင်ခဲ့သူ နိုရာဟယ်ကင်နန်က ပြောကြားထားပါတယ်။ ငယ်ရွယ်စဉ်မှာ အရက်အလွန်အသောက်ခြင်းကြောင့် ဘဝရဲ့ နှောင်ပိုင်းမှာလည်း ကျန်းမာရေးပြဿနာတွေများစွာ ဖြစ်ပေါ်နိုင်တာလည်း ဖြစ်ပါတယ်။

သုတေသနကို   Addiction ဂျာနယ်မှာ ဖော်ပြခဲ့ပြီး  ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ် လူတွေကို ၂၀၀၅ မှစတင်ကာ ၂၀၁၅ ထိ ဆယ်နှစ်ကြာ လေ့လာခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ