Health: အရက်နဲ့ပတ်သက်ပြီး သင် စတင်သတိထားရမယ့် အချိန် (၄) ချိန်

သင့်ကို သင် အရက်နဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေလုပ်ပေမဲ့ သောက်မိတဲ့အခါ မရပ်နိုင်တော့တာပါ။

play

 

၁ - အရက်ကို ဆေးအဖြစ် သုံးနေတယ်

စိုးရိမ်မှုတွေခံစားရတဲ့အခါ ၊ စိတ်တွေ မကြည်လင်တဲ့အခါမျိုးတွေတိုင်း ဆေးအဖြစ် အရက်ကိုသောက်သုံးနေတယ်ဆိုရင် သင်ဟာ အရက်နဲ့ပတ်သက်လို့ ပြဿနာရှိနေပါပြီ။

၂ - ပိုသောက်လာတယ်

play

 

ပြီးခဲ့တဲ့ တစ်နှစ် ဒါမှမဟုတ် ခြောက်လအတွင်း ဖြည်းဖြည်းချင်း သင်သောက်တာ ပိုများလာသလား ပြန်စဉ်းစားပါ။ တစ်လတစ်ခါကနေ တစ်ပတ်တစ်ခါ၊ တစ်ပတ်နှစ်ခါ ဖြစ်လာတာမျိုးပါ။ ဒီလိုသောက်နှုန်းပိုပိုမြင့်လာတယ်ဆိုရင် သင့်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

၃ - ထပ်သောက်မယ်

play

 

အခြားအလုပ်တစ်ခုလုပ်နေရင်တောင် သောက်ဖို့ အကြောင်းပဲ တွေးမိနေလား၊ နောက်တစ်ကြိမ်ထပ်သောက်မယ့် အကြောင်းကို စဉ်းစားမိနေလား ဒီလိုဆိုရင်တော့ အရက်နဲ့ပတ်သက်လို့ သင့်ကျန်းမာရေးဟာ သိပ်မကောင်းနိုင်ပါဘူး။ အရက်ကြောင့် သင့်ကျန်းမာရေး ထိခိုက်နေပါပြီ။

၎ - ကတိဖျက်တယ်

play

 

သင့်ကို သင် အရက်နဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေလုပ်ပေမဲ့ သောက်မိတဲ့အခါ မရပ်နိုင်တော့တာပါ။ သုံးခွက်လောက်သောက်ပြီး တော်ပြီလို့ သတ်မှတ်ထားပေမဲ့ ထပ်သောက်မိတာမျိုး ဖြစ်ပါတယ်။ ဒီလို ကတိပေးပြီး ခဏခဏ ချိုးဖောက်နေတယ်ဆိုရင်တော့ အရက်နဲ့ပတ်သက်ပြီး သတိထားရမယ့်အချိန်ပါပဲ။

၅ - ပြောင်းလဲတယ်

play

 

အရက်သောက်ရင် လူတိုင်းက နဂိုပုံမှန်ထက်တော့ ပြောင်းလဲ သွားတတ်ကြပါတယ်။ ဒါပေမဲ့ သင့်ပြောင်းလဲမှုကြောင့် အရှက်ရတာတွေ၊ တစ်ဖက်လူကို ထိခိုက်တာတွေရှိလာရင် အထူးသတိထားရတော့မှာ ဖြစ်ပါတယ်။

Photos & Source: Prevention

အရက်နဲ့ပတ်သက်ပြီး သင် ဒါတွေဖြစ်နေတယ်»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ