Health: လည်ပင်းတွေ တောင့်နေရင် လုပ်သင့်တဲ့ လေ့ကျင့်ခန်း (၂) ခု

ဒီလေ့ကျင့်ခန်းဟာ လည်ပင်းကြောတွေကို ထိထိရောက်ရောက် ပြေလျော့သွားစေပါတယ်။

play

 

မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို ပုံပါအတိုင်း နောက်ကို ပို့ထားရမှာ ဖြစ်ပါတယ်။ ဘယ်ဘက်လက်ကောက်ဝတ်ကို ညာလက်နဲ့ ဆွဲထားပြီး ခေါင်းက ညာဘက်ပခုံးပေါ် စောင်းချရမှာ ဖြစ်ပါတယ်။ အဆိုပါ စောင်းထားတဲ့ပုံစံအတိုင်း စက္ကန့်သုံးဆယ်နေရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ လက်နဲ့ခေါင်းကို ဘက်ပြောင်းပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ လည်ပင်းကြောတွေကို ထိထိရောက်ရောက် ပြေလျော့သွားစေပါတယ်။

play

 

ကြမ်းပြင်မှာ လှဲပြီး လည်ပင်းအောက်မှာ တစ်ခုခုခံထားလိုက်ပါ။ပုံမှာ ပြထားတဲ့အတိုင်း အဝတ်တစ်ခုကို လိပ်ပြီး ခုထားလို့ရပါတယ်။ ပြီးရင်တော့ မေးကို နောက်ဘက်လှန်ကာအားပြုထားပြီး စက္ကန့်သုံးဆယ်လောက်နေရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ တစ်နေကုန်ကွန်ပျူတာကြည့်ရသူတွေ အတွက် အထူးကောင်းမွန်ပါတယ်။

Photos & Source: Prevention

လည်ပင်း လေ့ကျင့်ခန်း ပုံမှန်လုပ်လေ့ရှိလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ