Health: ပဲပိစပ်ကြောင့် အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်ခြေ နည်းပါးနိုင်

, updated

ပဲပြား၊ ပဲနို့ စတာတွေကို လျော့စားဖို့ လိုပါတယ်။

play

 

ပဲပိစပ်ဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ပဲတစ်မျိုးဖြစ်ပါတယ်။ အခြားပဲတွေနဲ့ယှဉ်ရင်တောင် ပဲပိစပ်က ပိုပြီးကောင်းကျိုးများပါတယ်။ ဒါပေမဲ့ ပဲပိစပ်ကိုစားသုံးခြင်းရဲ့ ဆိုးကျိုးတစ်ခုကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

play

 

စပိန်သုတေသီတွေဟာ ပဲပိစပ်ကို စားသုံးတဲ့အမျိုးသားတွေမှာ သန္ဓေအောင်နိုင်ခြေ လျော့နည်းသွားနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ပဲပိစပ်ထဲမှာပါတဲ့ ဖိုက်တိုအီစထရိုဂျင်ဓာတ်ဟာ သုက်ပိုးဆဲလ်တွေ မမျိုးဥဆီသွားတဲ့အရှိန်ကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ခရိုမိုဇုမ်းအရေအတွက် မလုံလောက်မှု ပိုဖြစ်စေနိုင်ပါသေးတယ်။ ဒီရလဒ်နှစ်ခုလုံးကြောင့် ပဲပိစပ်ဟာ အမျိုးသားတွေအနေနဲ့ ဆင်ခြင်စားသုံးသင့်တဲ့အရာဖြစ်ကြောင်း စပိန်သုတေသီတွေက ပြောပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ