Health: အသက်ကြီးလာသည်နှင့်အမျှ သင်သိထားသင့်သည့် သွားကျန်းမာရေး (၄) ချက်

သောက်နေရတဲ့ တချို့ဆေးတွေကြောင့် ပါးစပ်က ခြောက်ကပ်နေတတ်ပါတယ်။

play

 

၁ - သွားရေ

သင့်သွားတွေကို ခိုင်မာပြီး ကျန်းမာအောင် ထိန်းပေးတဲ့လုပ်ငန်းအတွက် ပါးစပ်ထဲမှာ သွားရေ ရှိဖို့လိုပါတယ်။ ဒါပေမဲ့ သောက်နေရတဲ့ တချို့ဆေးတွေကြောင့် ပါးစပ်က ခြောက်ကပ်နေတတ်ပြီး သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၂ - သွားတိုက်တံ

play

 

အသက်ကြီးလာလေ သွားတိုက်တံ ကောင်းကောင်းသုံးသင့်လေပါပဲ။ သွားတိုက်ရတာဟာ ခဏလေးဆိုပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ခက်ခဲလာပါတယ်။ တခြားရောဂါတွေရှိတာ၊ အထိုင်အထ မလွယ်တာတွေ ဖြစ်တဲ့အခါ သွားကို ထိရောက်စွာတိုက်ဖို့ ခက်ခဲလာပါတယ်။

၃ - ကယ်ဆီယမ်

play

 

ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီဟာ အသက်ကြီးလာတာနဲ့အမျှ လုံလုံလောက်လောက်မရရှိတော့ပါဘူး။ ဒီနှစ်ခု မလုံလောက်ခြင်းဟာ သွားတွေကို ဆုံးရှုံးရတဲ့အခြေကို ဆိုက်ရောက်သွားပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဗီတာမင်ဒီနဲ့ ကယ်ဆီယမ်ဓာတ်ပါတာတွေကို များများစားပေးသင့်ပါတယ်။

၎ - သကြား

play

 

သကြားကိုတော့ လျှော့စားရမှာ ဖြစ်ပါတယ်။ သကြားအစားများပြီး သွားတိုက်တဲ့အလေ့အကျင့်အကောင်းမရှိရင်တော့ သွားတွေကို စောစောစီးစီး ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

Photos & Source: Prevention

သွားကျန်းမာရေးကို ပုံမှန်ဂရုစိုက်တတ်လား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ