Health: ဆောင်းတွင်းမှာ ကိုယ်လက်နာကျင်တာတွေ သက်သာစေဖို့

အထူးသဖြင့် အဆစ်အမြစ်တွေ နာကျင်တာတွေ ဖြစ်ပါတယ်။

play

 

ဆောင်းတွင်းရောက်လာတဲ့အခါ ကိုယ်လက်နာကျင်တာတွေ၊ ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အဆစ်အမြစ်တွေ နာကျင်တာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သေချာဂရုစိုက်ပေးရင် ဒီလိုနာကျင်ခြင်းကနေ သက်သာနိုင်ပါတယ်။

၁- ဒူးကာ

ဆောင်းတွင်းရောက်တဲ့အခါ ဒူးကာ ဝတ်ထားပါ။ ဒူးခေါင်းနာကျင်မှုကနေ သက်သာစေနိုင်သလို ထိခိုက်မှု ကြီးကြီးမားမားဖြစ်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

play

 

၂ - ရေသောက်

ဆောင်းတွင်းဖြစ်ပေမဲ့ ရေသောက်နည်းလို့ မရပါဘူး။ ရေများများသောက်ပေးရမှာလည်း ဖြစ်ပါတယ်။ အရိုးတွေ လှုပ်ရှားပွတ်တိုက်မှုကို ထိန်းညှိပေးထားဖို့ ခန္ဓာကိုယ်ဟာ ရေပမာဏ လုံလောက်ရမှာ ဖြစ်ပါတယ်။

၃ - ဖိနပ်

ဖိနပ်ကလည်း သက်သောင့်သက်သာ ဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကို လုံးဝမဝတ်သင့်ပါဘူး။ ဒေါက်ဖိနပ်ကို အချိန်ကြာမြင့်စွာ ဝတ်တာမျိုးရှောင်ပါ။ ဖိနပ်စီးရတာ သက်သောင့်သက်သာ မရှိခြင်းဟာ သင့် အရိုးအဆစ်တွေကို သက်ရောက်မှုရှိလာနိုင်ပါတယ်။

play

 

၎ - ကယ်ဆီယမ်

ကယ်ဆီယမ်ဓာတ်လုံလုံလောက် ရရှိဖို့လည်း အရေးကြီးပါတယ်။ နို့ထွက်ပစ္စည်းအမြောက်အများကို စားသုံးပေးသင့်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဗီတာမင်အားဖြည့်ဆေး သောက်သင့်ပါတယ်။

play

 

၅ - အစားအသောက်

ဗီတာမင် စုံလင်စွာ ရရှိဖို့အတွက် နေ့စဉ်စားသုံးမှုမှာလည်း အမျိုးအစားစုံစုံလင်လင်နဲ့ ကြွယ်ဝစွာ စားသင့်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ