Health: ကာယလေ့ကျင့်ခန်းကို ပိုပြီးလွယ်ကူစေမယ့် စိတ်လှည့်စားနည်း

နှစ်ပတ်အတွင်းမှာပဲ သိသိသာသာ ထူးခြားလာပါတယ်။

play

 

အားကစားနဲ့ ကာယလေ့ကျင့်ခန်းတွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး လူတိုင်းလုပ်သင့်တာမှန်ပေမဲ့ တကယ်တမ်းမှာတော့ ခက်ခဲပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင် ပူအိုက်ပြီး သက်တောင့်သက်သာလည်း မရှိပါဘူး။ ဒီလိုနဲ့ပဲ ကာယလေ့ကျင့်ခန်းကို မလုပ်ဖြစ်ကြတာ များပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်နေစဉ်မှာ စိတ်ကိုလှည့်စားထားပြီး လေ့ကျင့်ခန်းပိုလုပ်နိုင်မယ့်နည်းတော့ ရှိပါတယ်။

play

 

ကနေဒါနိုင်ငံ ဘရွတ်တက္ကသိုလ်မှာ လူ ၁၈ ဦး ပါဝင်တဲ့ သုတေသနတစ်ခု လုပ်ခဲ့ပါတယ်။ လူ ၉ ဦးကို သာမာန်အတိုင်း စက်ဘီးစီးလေ့ကျင့်ခန်းပြုလုပ်စေပြီး ကျန် ၉ ဦးကိုတော့ လေ့ကျင့်ခန်းလုပ်ချိန်မှာ အကောင်းဘက်ကိုမြင်စေတဲ့ စိတ်တက်ကြွစေမယ့်စကားတွေ ကိုယ့်ကိုယ်ကိုယ်ပြောခိုင်းခဲ့ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ ပထမအုပ်စုက သိပ်ပြီးမထူးခြားပေမဲ့ ဒုတိယအုပ်စုကတော့ ပထမအဖွဲ့ထက် ပိုပြီးထူးခြားခဲ့သလို ၂၅ ရာခိုင်နှုန်း ပိုပြီး စက်ဘီးနင်းနိုင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မိမိရဲ့ကာယလေ့ကျင့်ခန်းအချိန်တွေမှာ အကောင်းဘက်ကိုတွေးတောပြီး ကိုယ့်ကိုယ်ကိုယ်အကောင်းပြောပေးခြင်းကြောင့် လေ့ကျင့်ခန်းလုပ်တာ ပိုပြီးထိရောက်လာတာကို သိနိုင်ပါတယ်။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ