AD
AD
AD
play

 

အစာအိမ်နဲ့ပတ်သက်လို့ သင်အထူးသတိထားရမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေဖြစ်ပေမဲ့ ဆရာဝန်နဲ့ပြဖို့ သင့်ဘက်ကနှောင့်နှေးနေတာမျိုး ဖြစ်တတ်ပါတယ်။ အောက်ပါလက္ခဏာတွေ ဖြစ်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရမှာပဲ ဖြစ်ပါတယ်။

၁ - လည်မျို

အစာမျိုချတဲ့အခါ လည်မျိုမှာ တစ်ခုခုခံနေသလိုမျိုးခံစားရရင် သတိထားပါ။ အချိန်ကြာလာတာနဲ့အမျှ အစာစားရတာ ပိုခက်ခဲလာပြီး ရေသောက်ရတာတောင် ခက်လာတတ်ပါတယ်။  ဒါ့အပြင် ချောင်းဆိုးတာ၊ကြို့ထိုးတာ၊ နည်းနည်းလေးစားပြီးတာနဲ့ ဝသွားသလို ခံစားရတာမျိုးပါဖြစ်တတ်ပါတယ်။ ဒါဟာ အစာအိမ်ရေမျိုပြွန်ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

၂ - ဂတ်စ်

play

 

လေချင်တက်တာလိုမျိုး ဂတ်စ်တွေ ပြန်ထွက်တာဟာ သာမန်ကိစ္စတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့မှာ ဂတ်စ်နှစ်လီတာလောက် ထုတ်လုပ်တတ်ပါတယ်။  စိုးရိမ်ရမယ့်အချက်ကတော့ ဗိုက်ထဲမှာပါ မအီမသာဖြစ်ပြီး ဝိတ်အလွန်အမင်းကျသွားတာ ဖြစ်ပါတယ်။ အနံ့ဆိုးဆိုးဝါးဝါးနံတာ ဖြစ်ပါတယ်။ giardia လို့ခေါ်တဲ့ ကပ်ပါးကောင်တစ်မျိုး အူတွေမှာ ရှိနေတဲ့ လက္ခဏာဖြစ်ပါတယ်။

၃ - ဘောင်းဘီတွေချောင်ကုန်တယ်

play

 

ဝိတ်ကျသွားခြင်းဟာ ကျန်းမာရေးပြဿနာပေါင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာရင် အစာအိမ်ပြဿနာကလည်း သင်ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတစ်ခုပါ။  အစာအိမ်နဲ့ပတ်သက်တဲ့ ပြဿနာတွေရှိတဲ့အခါ ရုတ်တရက် ခန္ဓာကိုယ်အလေးချိန် ထိုးကျသွားတတ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -အမျိုးသမီးတိုင်း သိသင့်တဲ့ သွေးဆုံးခါနီးလက္ခဏာရပ်တွေ )

၎ - သွေးပါတယ်

play

 

အိမ်သာတက်တဲ့အခါ သွေးပါတယ်ဆိုရင် သင့်အနေနဲ့ သတိထားဖို့ဆိုတာ ပြောစရာတောင် မလိုပါဘူး။  သွေးပါတာဟာ အခြားပြဿနာတွေကြောင့် ဖြစ်နိုင်သလို  အစာအိမ်လမ်းကြောင်းနဲ့လည်း ဆိုင်နိုင်ပါတယ်။

၅ - သံဓာတ်

play

 

သံဓာတ်ဟာ အောက်ဆီဂျင်တွေ သွေးကြောထဲပို့ရာမှာ ကူညီပါတယ်။ သံဓာတ်ချို့တဲ့ရင် မောပန်းတာ၊ ခေါင်းကိုက်တာ၊ အသားတွေ ဝါတာ၊ အားနည်းတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သံဓာတ်နဲ့ သွေးအားနည်းမှုဟာ အစာအိမ်လမ်းကြောင်းနဲ့လည်း သက်ဆိုင်တတ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -ကြို့ထိုးခြင်းကို ပျောက်ကင်းစေမယ့်နည်း (၅) ခု )

Photos & Source: Prevention

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD