AD
AD
AD

ခွေးတွေကို လူသားတွေရဲ့ အကောင်းဆုံး သူငယ်ချင်း၊ အမြဲတမ်းအဖော်မွန်လို့ လက်ခံထားခဲ့ကြပါတယ်။ သူတို့က သိစ္စာရှိတယ်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တယ်။ သခင်ကို အင်မတန်မှ မေတ္တာထားရှိတယ်။ သူတို့ကို ဖက်ထားရင် နွေးနေတဲ့ခံစားမှုလေးကို ချစ်တယ်။

play

လှပသာယာတဲ့ ဆောင်းရာသီမနက်ခင်းတစ်ခုမှာ လမ်းအတူတူ လျှောက်တယ်။ လမ်းတစ်လျှောက်မှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေပြော၊ သူက ဘေးကနေ တောက်တောက် တောက်တောက်နဲ့ လိုက်တယ်။ မနက်ထပြေးပြီး အိမ်ပြန်ရောက်လာတဲ့အခါ အမောဖြေ၊ သူလည်း မုန့်စား ကိုယ်လည်း မနက်စာစား၊ ပြီးရင် ရေချိုးအလှပြင်ပြီး အလုပ်သွားတယ်။ တစ်နေကုန် စိတ်လက်ပေါ့ပါးနေမယ်။

play

 

အိမ်ပြန်ရင် အသည်းလေး စောင့်နေမယ်ဆိုတာလည်း သိနေတော့ အလုပ်ကို မြန်ုမြန်ပြီးအောင် လုပ်ဖြစ်တယ်။ ခွေးတစ်ကောင်ကို ပိုင်ဆိုင်ထားခြင်းဟာ စိတ်ဓါတ်ရေးရာ မြှင့်တင်နိုင်တဲ့ နည်းတစ်မျိုးလို့ ခံစားရတယ်။ အထီးမကျန်ဘူး၊ အဖော်မဲ့တဲ့ခံစားမှုတွေ မရှိဘူး။ ဒါကြောင့် ခွေးတစ်ကောင်ကို တကယ်ချစ်ကြည့်ဖူးရင် သင်သိမှာပါ။ သူကလဲ သင့်ကိုပြန်ချစ်မှာ အသေအချာပါ။

play

 

ခွေးလေးတစ်ကောင်မွေးထားတာဟာ သင့်အတွက် ဘာတွေကောင်းသလဲဆိုတော့

(၁) ခွေးဆိုတဲ့အမျိုးက လျှောက်သွား၊ ပြေးလွှားနေချင်တာ။ သူတို့ကို ကျောင်းရင်းနဲ့ ပုံမှန်လမ်းလျှောက်ထွက် ဖြစ်တယ်။ ဒါ ကျန်းမာရေးအတွက် ကောင်းတဲ့အကျိုးကျေးဇူးတစ်ခုပဲ မဟုတ်လား။

(၂) ခွေးကျောင်းရင်းနဲ့ ဟိုလူက စကားပြော၊ ဒီလူက နှုတ်ဆက်နဲ့ လူမှုဆက်ဆံရေးလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။ တခြား ခွေးပိုင်ရှင်တွေနဲ့အတူ လမ်းလျှောက်ရင်း ပုံမှန်ဆုံတွေ့မှုကနေ တဆင့် ပိုခင်မင်ရင်းနှီးနိုင်ပါသေးတယ်။

play

 

(၃) လမ်းလျှောက်ခြင်းက သင် နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိအားတွေနဲ့ ခန္ဓာကိုယ်ညောင်းညာမှုတွေကို သက်သာစေနိုင်ပါတယ်။

(၄) သူက အမြဲတမ်း သစ္စာရှိနေမယ်ဆိုတာ သင်သိနေတယ်။ ချစ်ဖို့ကောင်းတဲ့ အပေါင်းအသင်းတစ်ယောက်နဲ့ အချိန် ဖြုန်းရတာပါ။

play

 

(၅) သူတို့လေးတွေ ချစ်ပြီဆိုရင် ဘာရုပ်လေးတွေ လုပ်ပြမှန်းမသိဘူး။ တအားချစ်ဖို့ကောင်းတာတော့ သေချာပါတယ်။ ကိုယ်တွေကို ချွင်းချက်မရှိ ချစ်ခင်ကြောင်းလည်း သူတို့ရဲ့ နှစ်သက်ဖွယ် အမူအရာတွေနဲ့ ဖော်ပြပေးတတ်ပါတယ်။

(၆) ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ဒဏ်ရာ (ဥပမာ တစ်စုံတစ်ဦး သေဆုံးခြင်း) စတာတွေကနေ ပြန်လည် နလန်ထူစေနိုင်ပါတယ်။

play

 

(၇) ခွေးမွေးထားတဲ့သူတွေဟာ ခွေးမမွေးတဲ့သူတွေထက် သွေးတိုးနှုန်း လျော့နည်းပါတယ်။ ဒါကြောင့် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ချေ နည်းသွားပါတယ်။ ကလေးတွေအတွက်ဆိုရင်တော့ မိမိကိုယ်ကို ပိုပြီးတန်ဖိုးထားတတ်လာပါတယ်။

 

ခွေးသေးသေးလေး (ပါပီလေး) တွေက အတော်ချစ်ဖို့ကောင်းတာပါ။ သူတို့နဲ့ လွတ်လွတ်လပ်လပ် ဆော့ကြည့်မိဖူးရင် သိမှာပါ။ ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့အရာလေးတွေထဲမှာ ပါဝင်တယ်လို့ပြောလို့ရပါတယ်။ စိတ်ပျက်စရာ နေ့တစ်နေ့ ကြုံခဲ့ရင်တောင် သူတို့တွေဟာ သင့်ကိုရယ်အောင် လုပ်နိုင်ပါတယ်။

play

 

ပြီးတော့ အရေးကြီးဆုံးအချက်က သင်အန္တရာယ်ကြုံလို့ သူ့ကိုလိုအပ်ရင် အသက်စွန့်ပြီးတော့ ကာကွယ်ပေးပါတယ်။ ဒီတော့ သူ့ကို စိတ်ချလက်ချပွေ့ဖက် မွေးမြူပြီး ကိုယ့်ရဲ့ အကောင်းဆုံးအဖော်မွန်အဖြစ် သတ်မှတ်နိုင်ပါတယ်။

ှSource : Ceaser Millan (Dog Whisperer)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD