AD
AD
AD

ပင်ပန်းနွမ်းလျနေပါတယ်ဆိုမှ ရွှင်လန်းသွားအောင် လေ့ကျင့်ခန်းလုပ်ရတယ်လို့ ပြောရင် ယုံချင်စရာ မရှိပါဘူး။ အများအားဖြင့် နေ့တိုင်း ရုံးစားပွဲမှာ ထိုင်ပြီး အလုပ်လုပ်ရသူတွေမှာ ကြာလေ ဒီငုတ်တုတ်ထိုင်တဲ့ပုံစံနဲ့ ပုံစံခွက်ကလေးတွေလိုပဲ ဘီဒိုထဲ ခေါက်သိမ်းထားတဲ့ အင်္ကျီအဝတ်အစားတွေကိုပဲ နမူနာ ကြည့်ကြည့်ပါ။ ဘီဒိုထဲမှာ အကြာကြီး ခေါက်သိမ်းထားတာမို့ တော်တော်ကြီး ပိပြားနေတာနော်။ ခေါက်ရိုးကျိုးအရာတွေကြောင့် ဝတ်လို့တောင် အဆင်မပြေဘူး။ ခေါက်ရိုးပျောက်သွားအောင် မီးပူနဲ့ တော်တော်ကြီး ပြန်တိုက်မှ ခေါက်ရိုးတွေ ပျောက်သွားတာပါ။

play

ဒီသဘောတရား အတိုင်းပါပဲ။ "ထိုင်ခုံမှာ ထိုင်ရင် ခါးကို မတ်မတ်ထားပြီး ထိုင်ကြပါ" ဆိုပြီး ရှိသမျှ လေ့ကျင့်ခန်း ဗီဒီယိုတွေ၊ စာတွေထဲမှာ ရေးထား၊ ပြောထားကြတာလည်း မြင်တွေ့ရမှာပါ။ စောစောက အင်္ကျီလိုပေါ့။ အင်္ကျီတစ်ထည်ကို ချိတ်နဲ့ ချိတ်ထားမယ်ဆိုရင် မြေကြီးဆွဲအားကြောင့် ပြန့်နေမယ်။ ခါးရိုးနဲ့ ကြွက်သားတွေကလည်း ဒီလိုပဲ။ မြေကြီးဆွဲအားကြောင့် လမ်းလျှောက်နေ၊ ငုတ်တုတ်ထိုင်နေနိုင်တာပါ။

 

ဒါပေမယ့် လူတစ်ကိုယ်လုံးမှာ ခေါင်းတစ်လုံးရဲ့ အလေးချိန်က (၁၃) ပေါင်လောက်ရှိတာဆိုတော့ အတော်ကြီးကို လေးတာပါ။ ဆိုဒါသံဘူး (၁၅) ဘူးစာလောက် အလေးချိန်ကြီးကို ဘယ်သူက အကြာကြီး ဂုတ်ပေါ် မတ်မတ်ကြီး တင်ထားနိုင်မှာလဲ။ ဒါကြောင့် ခေါင်းက ရှေ့ကို ငိုက်လာမယ်။  ခေါင်းငိုက်ထားသလောက် ခါးရိုးက ရှေ့ကို စောင်းစောင်းကြီး ထောက်ပေးနေရရော။ ကြာလာတော့ လုံးခြေထားတဲ့ အင်္ကျီလို ကြေကုန်တာပေါ့။ ဒီအတိုင်းပဲ ခါးရိုးစောင်းစောင်းကြီးကို မဆန့်ဘဲ ဆက်နေရင် သင့်ကိုယ်ခန္ဓာက ခေါက်ရိုးကျိုးရာက တော်တော်နဲ့ ဖြန့်လို့ မရဘဲ ခါးကုန်းတာ၊ ခါးနာတာ၊ အရိုးအဆစ်တွေ ဒဏ်ဖြစ်တာ၊ ကျီးပေါင်းတတ်တာတွေ ဖြစ်လာပါတော့မယ်။

play

 

ခေါက်ထားတဲ့ သတင်းစာ တစ်စောင်ကို မြန်မြန်ပြန့်သွားအောင် ဘယ်လိုလုပ်ကြသလဲ။ သတင်းစာကို ခေါက်ထားတဲ့ဖက်ကို ပြောင်းပြန်လှန် ခေါက်ကြတယ်။ ဇက်ကြောဆန့်တာခါးကြောဆန့်တာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တယ်ဆိုတာ ခါးရိုးနဲ့ ရှိသမျှ ကြွက်သားတွေရဲ့ လက်ရှိပုံစံအနေအထားကို ပြောင်းပြန်ကော့ပေး၊ ကွေးပေးပြီး မြန်မြန် ပြန့်အောင် ဖြန့်ပေးတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးအများကြီး မလုပ်နိုင်ရင်တောင် ကြောင်လေးတွေ အိပ်ယာနိုးလာရင် ခြေရောလက်ကော ဆန့်ထုတ်ပြီး အကြောဆန့်တာကို မြင်ယောင်ကြည့်ပြီးသာ ဆန့်ထုတ်လိုက်ပါ။

play

 

အကြောဆန့်လို့ နေထိုင်မကောင်း ဖြစ်သွားပါတယ်ဆိုတာ မရှိပါဘူး။ ကျောရိုး ကွေးနေ၊ စောင်းနေတာ၊ အညောင်းမိနေတာမျိုးတွေကနေ လွတ်မြောက်စေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အကြောဆန့်ခြင်းသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံး လှုပ်ရှားနည်း တစ်မျိုးလို့လည်း ခေါ်နိုင်ပါတယ်။ အကြောဆန့်ပေးတာကို စက္ကန့်ပိုင်းလောက် မကြာခဏ အကျင့်လေး လုပ်ပေးပါ။  ဒီလိုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ  နှေးကွေးစွာ လည်ပတ်နေတဲ့ သွေးတွေက အကြောလည်း ဆန့်လိုက်ရော မြန်မြန် စီးဆင်းသွားစေတာပေါ့။ တစ်ချိန်တည်းမှာပဲ ကြွက်သားတွေကို ကျုံ့ဆန့်စေတာမို့ ကြွက်သားအတွင်းရှိ သွေးများလည်ပတ်မှုအား ကောင်းစေပါတယ်။ ကြွက်သား အတွင်းရှိ မလိုအပ်တဲ့ အဆီနဲ့ အခြားအရာများကို ဖယ်ရှားတာကြောင့် ပင်ပန်းညောင်းညာမှုကို ပျောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေတာ ဖြစ်ပါတယ်။

Source : Fitness

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD